Headlines News :
Home » » ကော့သောင်း NLD အမတ်လောင်းအား ပါတီဝင်တချို့ ကန့်ကွက်ဆန္ဒပြ

ကော့သောင်း NLD အမတ်လောင်းအား ပါတီဝင်တချို့ ကန့်ကွက်ဆန္ဒပြ

Written By Live100 on Monday, August 10, 2015 | 11:57 PM

ကော့သောင်း NLD ပါတီ ကိုယ်​စားလှယ်​​လောင်းအား ဆန္ဒပြ စဉ်
ဓာတ်ပုံ - မိုးအိ / Dawei Watch

|Dawei Watch| ကော့သောင်း၊ သြဂုတ် ၁၀
အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(ဗဟို)က ရွေးချယ်ပေးလိုက်သည့် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း နေရာအား ပြန်လည်စိစစ်ပေးရန် ယင်းမြို့နယ် ပါတီရုံးရှေ့တွင် သြဂုတ်လ ၉ ရက်နေ့က ပါတီဝင်တချို့ ဆန္ဒပြ ခဲ့ကြသည်။
ဘန်းကချွန်ကျေးရွာ ပါတီဝင် ၁၅ ဦးက အမတ်လောင်း ဦးခင်ဇော်အား အလိုမရှိဟူသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ နာရီ ၀က်ကြာ မြို့နယ် ပါတီရုံးရှေ့တွင် ရပ်ပြီး ဆန္ဒပြခဲ့ကြသည်။
“ပါတီ အတွက်​ အလုပ်​လုပ်​နိုင်​ဖို့ အ​ကြောင်းမမြင်​ဘူး။ လွှတ်​​တော်​ ထဲ​ရောက်​မှ အလုပ်​ မလုပ်​တာထက်​စာရင်​ ​ရွေးရာမှာ မပါဖို့ အ​ရေးကြီးတယ်​”ဟု ဆန္ဒပြရာတွင်​ ဦး​ဆောင်​ ပါဝင်​ခဲ့သည့်​ ဦးသန်းနိုင်​က ဆိုသည်​။
ဦးခင်ဇော်သည် ကော့သောင်းမြို့ခံ တစ်ဦးလည်းဖြစ်၊ ပါတီ၏ မြို့နယ် သဘာပတိ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
လက်ရှိတွင် ကန့်ကွက်မှုများရှိနေသော်လည်း ဗဟိုက ဆုံးဖြတ်​ရွေးချယ်သည့်အတိုင်း ရွေးကောက်ပွဲဝင်မည်ဟု ဦးခင်​​ဇော်က ပြောသည်။
“ဘယ်​သူ​တွေ ဘာ​ပြော​ပြော ဗဟိုက လုပ်​သင့်​တယ်​ထင်​လို့ ​ရွေးချယ်​လာတဲ့အ​ပေါ် တာဝန်​​ကျေအောင် လုပ်မယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်​ ​​သြဂုတ် ၅ ရက်​​နေ့ကလည် ဦးခင်ဇော်အား ကန့်ကွက်​ကြောင်း ကန့်ကွက်လွှာကို ရပ်/ကျေး ပါတီဝင်နှင့် ဒေသခံ ၇၃ ဦး လက်မှတ်ထိုးကာ ဗဟိုသို့ ပေးပို့ခဲ့ကြောင်း ကန့်ကွက်ရာတွင် ဦးဆောင်သူ နောက်တစ်ဦး ဖြစ်သည့် ဦးမျိုးလွင်ထံမှ သိရသည်။
ထို့အပြင် နောက်ထပ် ကန့်ကွက်လက်မှတ်များကိုလည်း စုဆောင်းနေပြီး သြဂုတ်လ ၁၀ ရက်နေ့ ညအထိ ၁၀၀ ​ကျော်​ ၀န်းကျင် ရထားကြောင်း သိရသည်။
သြဂုတ်လ ၁ ရက်နေ့တွင် ဗဟိုက ထုတ်ပြန်လိုက်သည့် စာရင်းရ ကော့သောင်းမြို့နယ်မှ ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များမှာ ဦးခင်ဇော်(တရားလွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊ 
ဦးမြင့်မောင်( တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၂))၊ ဦးနေထွန်း ( တိုင်းဒေသကြီး မဲဆန္ဒနယ် (၁))၊ ဒေါက်တာ ခင်မောင်ဝင်း (အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁)) တို့ ဖြစ်သည်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင်လည်း ကိုယ်စားလှယ်လောင်း ၃ ဦးကို မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေး အဖွဲ့ဝင်များက ကန့်ကွက်ထားသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template