Headlines News :
Home » » ကာရာအိုကေနှင့် နိုက်ကလပ်များ (၁၁) နာရီ မပိတ်ပါက ထောင်ဒဏ်ဖြင့် အရေးယူမည်

ကာရာအိုကေနှင့် နိုက်ကလပ်များ (၁၁) နာရီ မပိတ်ပါက ထောင်ဒဏ်ဖြင့် အရေးယူမည်

Written By Live100 on Saturday, August 15, 2015 | 10:18 PM


ဓါတ်ပုံ - အင်တာနက်
          ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ် (၄၄) မြို့နယ်ရှိ စားသောက်ဆိုင်၊ ကာရာအိုကေ၊ နိုက်ကလပ်များ (၁၁) နာရီ အချိန်တွင် မပိတ်ပါက ဆိုင်ပိတ်ထောင်ချသည် အထိ အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ရဲမူးကြီး တစ်ဦးထံမှ သိရသည်။

          ''ထွေအုပ်မှာ လိုင်စင် ပေးကတည်းက (၁၁) နာရီကျော်ရင် သူတို့ မဖွင့်ပါဘူးဆိုပြီး လက်မှတ် ထိုးထားတာ ဒါကို သူတို့ လိုက်နာမှုမရှိဘဲ သုံးနာရီ လေးနာရီ အထိ ဖွင့်ပြီးတော့ ညဥ့်နက်ပိုင်းမှာ ဒုစရိုက်မှုတွေလည်း ခဏခဏ ဖြစ်တယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဒုစရိုက်မှုတွေ လျော့ကျသွားအောင် ဆောင်ရွက်တာပါ'' ဟု ၄င်းကဆိုသည်။

            အဆိုပါ ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ်လ (၁၃) ရက်နေ့မှ စတင်ကာ ရာဇ၀တ်မှု လျော့ကျစေရေး အတွက် စားသောက်ဆိုင်၊ ကာရာအိုကေနှင့် နိုက်ကလပ်များကို ည (၁၁)နာရီ နောက်ဆုံး ထားပိတ်ရန် ဒေသန္တရ အမိန့် ထုတ်ပြန်ကြောင်းနှင့် (၂၄) နာရီ ဖွင့်သော စတိုးဆိုင်များ အနေဖြင့် ပိတ်သိမ်းရန် မလိုအပ်သော်လည်း ည (၁၁) နာရီ နောက်ပိုင်း အရက်ဘီယာ ရောင်းချခွင့် လုံးဝမပြုကြောင်း သိရသည်။

ရဲကျော်ထက်
The Messenger Media
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template