Headlines News :
Home » » ရေဘေးသင့် ပြည်သူများအား လှူဒါန်းမည့် ကယ်ဆယ်ရေးယာဉ် တိမ်းမှောက် (၄)ဦးသေ၊ (၁၁)ဦးဒဏ်ရာရ

ရေဘေးသင့် ပြည်သူများအား လှူဒါန်းမည့် ကယ်ဆယ်ရေးယာဉ် တိမ်းမှောက် (၄)ဦးသေ၊ (၁၁)ဦးဒဏ်ရာရ

Written By Live100 on Thursday, August 13, 2015 | 8:34 PM



  လိုက်ထရပ်ယာဉ် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိတိမ်းမှောက်၍ (၄)ဦးသေ၊ (၁၁)ဦးဒဏ်ရာရ

နေပြည်တော်၊ ဩဂုတ် ၁၃

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဒေါင်းဇွန်းကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေတောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ ရန်ကုန်မှ ရွှေတောင်ဘက်သို့ သဲကုန်းမြို့နယ်၊ အင်းမကျေးရွာနေ ဟိန်းမင်းထွေး(ခ) ဟိန်းထွဋ်အောင်(၂၀)နှစ်မောင်းနှင်ပြီး ရေဘေးသင့် ပြည်သူများအား လှူဒါန်းမည့် ကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်လာသော 4E/×××× လိုက်ထရပ်အဖြူရောင်ယာဉ်မှာ မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိ ကျွန်းပင်အား ဝင်ရောက်တိုက်မိတိမ်းမှောက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် သဲကုန်းမြို့နယ်၊ အင်းမကျေးရွာနေ ကိုကိုကြီး(ခ)ပြည့်ဖြိုးကျော်(၂၂)နှစ်၊ တစ်ရွာတည်းနေ အောင်မျိုးမင်း (၂၀)နှစ်၊ ဒေါ်ဌေးဝင်း(၅၀)နှစ်နှင့် မောင်သန့်ဇင်ထက်(၁၃)နှစ်တို့ ၄ ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဟိန်းမင်းထွေး(ခ)ဟိန်းထွဋ်အောင် ပါ ကျား ၄ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရွှေတောင်မြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဟိန်းမင်းထွေး(ခ)ဟိန်းထွဋ်အောင်အား ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template