တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မြေပြိုမှုကြောင့် ပျောက်ဆုံးနေတဲ့ လူ ၄၀ ကို ရှာဖွေရေး လုပ်သားတွေက ရှာဖွေနေပါတယ်။
သြဂုတ် ၁၂ ရက် ဒေသစံတော်ချိန် မနက် ၀၀.၃၀ နာရီမှာ ဖြစ်ပွားခဲ့တဲ့
မြေပြိုမှုကြောင့် ရှန်ရန်းစီရင်စုက သတ္တုတူးဖော်တဲ့ ကုမ္ပဏီက အိပ်ဆောင် ၁၅
ခုနဲ့ အိမ် ၃ လုံး မြေထဲမြုပ်သွားတယ်လို့ ဆင်ဟွာ သတင်းက ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့၊ မီးသတ်သမား၊ သတ္တုတွင်း ကယ်ဆယ်ရေးလုပ်သားတွေက
အခင်းဖြစ်သွားတဲ့ နေရာတွေကို ရောက်ရှိပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေသလို
ဒီအနီးအနားက နေအိမ်တွေကို ပြောင်းရွှေ့ခိုင်းထားတယ်လို့ သတင်းက ဆိုပါတယ်။
လူ ၄ ဦးကို တွေ့ရှိခဲ့ပြီး ကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ခဲ့သလို သူတို့ အခြေအနေက တည်ငြိမ်နေတယ်လို့ဆိုပါတယ်။
DVB