Headlines News :
Home » » ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်းတင်သူ ၄၀၀၀ ရှိ

ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်းတင်သူ ၄၀၀၀ ရှိ

Written By Live100 on Tuesday, August 11, 2015 | 12:02 AM


 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကစပြီး မနေ့ကအထိ တင်သွင်းတဲ့စာရင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ က ၁၀၀၈ ယောက် နဲ့ အများဆုံးတင်သွင်းထားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၂၃ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၄၄ ယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၄၈ ယောက် ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက်စာရင်းတင်ဖို့ ကျန်ရှိနေပါသေးတယ်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှာ လက်ရှိ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ရှိရာ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ကျန်နေပါသေးတယ်။

ကော်မရှင်ရဲ့ စည်းကမ်းချက်အရ နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးကိုယ်စားလှယ်လောင်း ၃ယောက် ရွေးကောက် ပွဲဝင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ မ၀င်နိုင်တဲ့ပါတီဟာ မှတ်ပုံတင်ခွင့် ဖျက်သိမ်းခံရမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အားလုံးဟာ လာမယ့် သြဂုတ်လ ၁၄ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းရမှာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template