Headlines News :
Home » » ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုး မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုး မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

Written By Live100 on Tuesday, August 11, 2015 | 6:40 PM



    ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

    ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ အေဒီ ၁၃ ရာစုခေတ် ပုံသဏ္ဍာန် ဘုရားပုထိုး ဘုရားအမှတ် ၁၇၅၂ သည် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သြဂုတ်လ ၉ ရက်တွင် ပြိုကျ ပျက်စီးသွားခဲ့ပြီး ယခုအခါ ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုးစေတီများနှင့် ရှေးဟောင်း အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု အခြေအနေများ စစ်ဆေးခြင်းနှင့် အမြန်ဆုံး ထိန်းသိမ်း ပြုပြင်ရေးများကို စစ်ဆေး ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် တစ်ဝိုက်တွင် သြဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယင်းဒေသတွင် မိုးရေချိန် ၂.၄၄ လက်မအထိ ရှိခဲ့ရာ ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ  ဂူပုထိုးပုံစံဖြင့် တည်ထားသည့် ဘုရားအမှတ် ၁၇၅၂ သည် သြဂုတ်လ ၉ ရက် နေ့ လည်ပိုင်း အချိန်တွင် ပြိုကျ ပျက်စီး သွားခဲ့ခြင်း ဖြစ်သည်။

အေဒီ ၁၃ ရာစုခေတ် ပုံသဏ္ဍာန် ဘုရားပုထိုး ဘုရားအမှတ် ၁၇၅၂ သည် ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ထိုအုတ်ကုန်းကို ပြန်လည် တူးဖော်၍ ဂူပုထိုး ပုံစံဖြင့် တည်ထားသည့် မြေပန္နက်အရာသာ ကျန်ရှိသော အုတ်ကုန်း နေရာကို အောက်ခြေပန္နက် ၂၀x၂၀ပေ ဥာဏ်တော် အမြင့် ၃၀ ပေ ကွန်ပေါက် ဂူဘုရား ပုထိုး ပုံသဏ္ဍာန်ဖြင့် ၂၀၀၃ ခုနှစ် ဖေဖောဝါရီလ ၁၄ ရက်နေ့တွင် ပြုပြင် ပြီးစီး ခဲ့ခြင်းဖြစ် သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် တို့သည် သြဂုတ်လ ၁၀ ရက်တွင် ပုဂံဒေသသို့ သွားရောက်ပြီး ကြည့်ရှု စစ်ဆေးခဲ့ပြီး သြဂုတ် ၇ ရက်နေ့ ကလည်း မန္တလေးတိုင်း ဒေသကြီးရှိ အင်းဝ ယဉ်ကျေးမှု နယ်မြေနှင့် တကောင်း ယဉ်ကျေးမှု နယ်မြေများတို့ တွင် ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဆောင်ရွက် စီမံထားရှိမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် သွားရောက် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 (Xinhua)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template