Headlines News :
Home » » ထိုင်းမိဖုရားကြီး မွေးနေ့နှင့် မိခင်များနေ့ ကျင်းပ

ထိုင်းမိဖုရားကြီး မွေးနေ့နှင့် မိခင်များနေ့ ကျင်းပ

Written By Live100 on Wednesday, August 12, 2015 | 8:06 PM


သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဘုရင်မိဖုရားကြီး သီရိခေတ်ရဲ့ မွေးနေ့နဲ့ မိခင်များနေ့ အခမ်းအနားကို ထိုင်းတနိုင်ငံလုံးမှာ ကျင်းပနေပါတယ်။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့နဲ့ ပြည်သူတွေဟာ ထိုင်းဘုရင်မိဖုရားမွေးနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော် ၈၄ ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး မိခင်များနေ့ အမှတ်တရ  လက်ဆောင်ပစ္စည်းတွေ ချရောင်းတဲ့ ဈေးပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘန်ကောက် အစိုးရအိမ်တော်အနီး ဖဒုန်ကုန်းက ဆိမ်ချောင်းကြီးမှာ ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ သံဃာတော်တွေက လှေနဲ့ ဆွမ်းခံထွက်ပြီး အလှပြရေယာဉ်၊ ဖျော်ဖြေရေးရေယာဉ် အစီးပေါင်း ၄၀ ကျော်  စီတန်းလှည့်လည် ကပြခဲ့ပါတယ်။
အမှတ်တရ ဈေးပွဲတော်ကိုလည်း သြဂုတ် ၂၃ ရက်နေ့အထိ ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ကာ ဒေသထွက်ကုန်အသီးသီးနဲ့ စီမံထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခြား ခရိုင်တွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဘုရင့်မိဖုရားမွေးနေ့၊ မိခင်များနေ့ အခမ်းအနား ကျင်းပကြရာမှာ သတ္တ၀ါများ ဘေးမဲ့လွှတ်ပွဲ၊ မျက်မမြင်ကျောင်းနဲ့ မသန်စွမ်းသူတွေကို အလှူကြီးပေးတဲ့ပွဲ၊ အကျဉ်းသားတွေကို ကျွေးမွေးတာ၊  စုပေါင်းသစ်ပင်စိုက်တာ၊  မိခင်ဂုဏ်ရည် စာစီစာကုံးနဲ့ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပတာ၊ မီးရှူးမီးပန်းဖောက်တာ စတဲ့ အစီအစဉ်တွေ ကျင်းပပါတယ်။
ဒီနေ့မှာ ကုန်းလမ်းသည်ယူပို့ဆောင်ရေး ဦးစီးဌာနက မိခင်နဲ့အတူ ခရီးသွားခြင်း အစီအစဉ် ဖွင့်လှစ်ပြီး သားသမီးနဲ့ မိခင်တွေကို လည်ပတ်စရာနေရာတွေ  အခမဲ့ ပို့ဆောင်ပေးနေပါတယ်။
ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ တနိုင်ငံလုံး စက်ဘီးစီးနင်းကြမယ့် “မိခင်အတွက် စက်ဘီးစီးခြင်း” အစီအစဉ်ပဲ ဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ထိုင်းဘုရင်မကြီးရဲ့ ဂုဏ်ကျေးဇူးတော် စောင့်သိခြင်း၊ စည်းလုံးညီညွတ်မှုကို ပြသခြင်း၊ အားကစားနဲ့ ကျန်းမာရေးကို ပြသခြင်း၊ မိဖုရားကြီးနဲ့တကွ မိမိရဲ့ မိခင်တွေ ကျန်းမာရေးကောင်းမွန်ဖို့ ဆန္ဒပြခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ တနိုင်ငံလုံး အင်္ကျီအပြာရောင် ဆင်တူဝတ်ဆင်ပြီး စက်ဘီးစီးနင်းကြမှာ ဖြစ်ပါတယ်။
ထိုင်းပြည်သူပြည်သားတိုင်း မိခင်ကျေးဇူး သိရှိနားလည်ပြီး မိခင်ကျေးဇူးဆပ်နိုင်ဖို့ ထိုင်းအစိုးရက မိခင်များနေ့ကို လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ထိုင်းမိဖုရားကြီးဟာ တိုင်းသူပြည်သားများအပေါ် စေတနာမေတ္တာထားတဲ့ အတွက်ကြောင့် မိဖုရားကြီးရဲ့ မွေးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို အစွဲပြုပြီး မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
စပယ်ပန်းဟာ ဖြူစင်မွှေးပျံ့ပြီး ဆယ့်နှစ်လရာသီ အချိန်တိုင်း ပွင့်ဖူးတဲ့အတွက် ထိုင်းလူမျိုးတွေဟာ မိခင်မေတ္တာကို စပယ်ပန်းနဲ့ တင်စားပြီး ဒီလိုနေ့မျိုးမှာ ကိုယ့်မိခင်ကို ကိုယ်တိုင် စပယ်ပန်းကုံးတွေ လက်ဆောင်ပေးလေ့ ရှိပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template