Headlines News :
Home » » ဟောင်ကောင်တွင် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်သို့ ကျဆင်း

ဟောင်ကောင်တွင် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်သို့ ကျဆင်း

Written By Live100 on Monday, January 25, 2016 | 3:39 PM



ဟောင်ကောင်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်အဖြစ် ၃ ဒီဂရီ ဆယ်စီးရပ်စ်အထိ ကျဆင်းသွားခဲ့ပါတယ်။
ဟောင်ကောင်ပြည်သူတွေ အနွေးထည်ထူထူ ၀တ်ဆင်ထားကြဖို့နဲ့ အိမ်အပြင်မှာ အချိန်ကြာကြာ ထွက်မနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံမှာလည်း ဆယ်စုနှစ်တွေအတွင်း ရာသီဥတု အအေးဆုံးဖြစ်နေပြီး ရာသီဥတု သတိပေးချက် ဒုတိယအမြင့်ဆုံး သတ်မှတ်ထားပါတယ်။
ဂွမ်ဇူးမြို့မှာ ၁၉၂၉ ခုနှစ်နောက်ပိုင်း ဆီးနှင်းတွေ ပထမဆုံး ကျရောက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံက အပန်းဖြေကျွန်းတခုဖြစ်တဲ့ ဂျီဂျူး (Jeju) ကျွန်းမှာလည်း နှစ်ပေါင်း ၃၀ အတွင်း ဆီးနှင်း အပြင်းထန်ဆုံး ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ်တွေ ရာနဲ့ချီ ထိခိုက်ခဲ့ပါတယ်။
ဇန်န၀ါရီ ၂၄ ရက်နေ့က လေယာဉ်ခရီးစဉ် ၅၀၀ ကျော်နဲ့ ၂၅ ရက်နေ့မှာ လေယာဉ်ခရီးစဉ် ၆၀ ဖျက်သိမ်းခဲ့တယ်လို့ ကိုရီးယားအာဏာပိုင်တွေ ပြောပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဆီးနှင်းမုန်တိုင်း မတော်တဆမှုတွေနဲ့ လူ ၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကြတယ်လို့ ကျိုတိုသတင်းဌာနက အစီရင်ခံပါတယ်။
ခရီးသွားဝန်ဆောင်မှုတွေလည်း ဆက်လက်ရပ်ဆိုင်းထားပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း အပူလျော့ပိုင်းဇုန်အတွင်းမှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ အမာမီ (Amami) ကျွန်းမှာလည်း ၁၂၉ နှစ်အတွင်း ဆီးနှင်းတွေ ကျဆင်းခဲ့တယ်လို့ ကျိုတိုသတင်းက ဆိုပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template