Headlines News :
Home » » ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်ရာထူး အပြောင်းအလဲလုပ်

ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်ရာထူး အပြောင်းအလဲလုပ်

Written By Live100 on Friday, January 29, 2016 | 8:24 PM


ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က  နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် ရာထူးတချို့ကို ပြောင်းလဲခန့်အပ်ပါတယ်။
ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ လိုင်ဇာ ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် ဦးဇောင်းဟရားက ဆက်လက်တာဝန်ယူပြီး ကေအိုင်အေ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်ပါ ပူးတွဲတာဝန်ပေးပါတယ်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ခေါင်လွမ်းကို ဒုတိယစစ်ဦးစီးချုပ် (၁) နဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာကို ဒုတိယစစ်ဦးစီးချုပ် (၂) အဖြစ် တာဝန်ပေးပါတယ်။
ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဒုတိယဥက္ကဋ္ဌတာဝန်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က “ဥက္ကဋ္ဌကတော့ ဦးဇောင်းဟရား၊ နဂိုအတိုင်းပဲပေါ့။ ကေအိုင်စီပေါ့နော် ကချင်လွတ်မြောက်ရေးကောင်စီမှာကျတော့ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်အင်ဘန်လပေါ့။ ကေအိုင်အိုပိုင်းက ပါတီပိုင်းကတော့ ဒု-ဥက္ကဋ္ဌ (၁) က ဗိုလ်ချုပ်ကြီးဂမ်ရှောင်ပါ၊ ဒု-ဥက္ကဋ္ဌ (၂) ကတော့ ဗိုလ်ချုပ်ဂွမ်မော်ပါ” လို့ ပြောပါတယ်။
ခေါင်းဆောင်ပိုင်း တာဝန်အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သလို အစိုးရနဲ့ ငြိမ်းချမ်းရေး နိုင်ငံရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗဟိုကော်မတီ အစည်းအဝေးအပြီး ကျင်းပတဲ့ သုံးရက်ကြာ လူထူအစည်းအဝေးမှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အတွက်  ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့တယ်လို့ ဦးဆန်းအောင်က ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ့် စစ်အစိုးရဆင်းကာနီး နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ ဖိအားပေးတဲ့အပေါ် လက်မခံရာက တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ပေါ်ပေါက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းရာမှာ ဦးဆောင်ခဲ့တဲ့အဖွဲ့ တဖွဲ့ ဖြစ်ပေမယ့် မနှစ် နိုဝင်ဘာလက အန်စီအေ လက်မှတ်ထိုးရာမှာတော့ ပါဝင်ခြင်းမရှိသေးပါဘူး။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template