Headlines News :
Home » » ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရန် အနိုင်ရကိုယ်စားလှယ်များထံ သတင်းပို့

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရန် အနိုင်ရကိုယ်စားလှယ်များထံ သတင်းပို့

Written By Live100 on Monday, January 25, 2016 | 3:41 PM

ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့အတွက် သတင်းပို့မှုတွေကို ဇန်န၀ါရီ ၂၅၊ ၂၆ ရက်နေ့တွေမှာ ကိုယ်စားလှယ်တွေက နေပြည်တော်မှာရှိတဲ့ သက်ဆိုင်ရာ ရုံးတွေမှာ သတင်းပေးပို့နေကြပါတယ်။
သတင်းပေးပို့မှုကို တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် ရွာတော် တည်းခိုရိပ်သာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်တွေအတွက် ပြည်ခိုင်ဖြိုးရုံးချုပ်၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေက အသီးသီး စာရင်းပေးသွင်းနေကြပါတယ်။
ဒီကနေ့ ဇန်န၀ါရီ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းအထိ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ပြည်သူ့လွှတ်တော်အတွက် သတင်းပေးပို့သူ ဦးရေ ၆၀ ကျော် ရှိနေပြီလို့ ပြည်သူ့လွှတ်တော်ရုံး အစည်းအဝေး ကော်မတီ ရေးရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမောင် (ညွှန်ကြားရေးမှူး) က ဒီဗွီဘီကို ပြောပါတယ်။
ကိုယ်စားလှယ်တွေကို လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ၊ စိစစ်ရေးလက်မှတ်၊ စရိတ်ချီးမြှင့်ငွေနဲ့ ခရီးစရိတ်၊ နေထိုင်မှုတို့ကို စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ အခုလို သတင်းပေးပို့ကြရတာ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template