Headlines News :
Home » » အာဆီယံတွင် မြန်မာနိုင်ငံသည် မြေယာမှထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံးဖြစ်

အာဆီယံတွင် မြန်မာနိုင်ငံသည် မြေယာမှထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံးဖြစ်

Written By Live100 on Sunday, January 24, 2016 | 11:11 AM

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် လယ်ယာ ကုန်ထုတ်လုပ်မှု၌ အနိမ့်ဆုံးဖြစ် ကြောင်း သတင်းရရှိသည်။
အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုဒုတိယကာလတို ငါးနှစ်စီမံကိန်း(၂၀၁၆-၁၇ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်)မူကြမ်းတွင် မြန်မာနိုင်ငံ၌ လယ်ယာကဏ္ဍတွင် လုပ်ကိုင်နေသူ ၁၈ သန်းကျော် ရှိပြီး စိုက်ပျိုးမြေဧကပေါင်း ၁၂သန်းကျော်ရှိသည်။
သို့သော် မြေ ယာမှ ကုန်ထုတ်လုပ်နိုင်စွမ်း သည် တစ်ဧကလျှင် တစ်နှစ် ၄၅၁ ဒေါ်လာသာရှိပြီး အာဆီယံတွင် အနည်းဆုံးဖြစ်သည်။
‘‘မြန်မာနိုင်ငံမှာ လူတစ်ဦး ကို ၂ဒသမ ၀၅ဧကလောက်ပိုင်တဲ့ အချိန်မှာ တချို့နိုင်ငံတွေမှာ ဟက်တာတစ်ရာလောက်ပိုင်နေကြပြီ။ ဆိုလိုတာက လွှတ်တော်မှာ ပြောနေကြတဲ့ စိုက်ပျိုးရေးကဏ္ဍမှာ လူတွေလျော့သွားတာတွေ၊ နိုင်ငံခြားတိုင်းပြည်သွားတာတွေ အဲဒီလိုတွေပြောနေတယ်။ တကယ်က စက်မှုဧကကြီး စိုက်ကွက်တွေလုပ်ပြီးတော့ လူတစ်ယောက်ကို ဟက်တာတစ်ရာလောက်လုပ်နိုင်တဲ့အဆင့်ဖြစ်ပြီဆိုရင် လူတစ်ယောက်ကို ၂ဒသမ ၀၅ဧကလောက်လုပ်နေတာနဲ့ယှဉ်ရင် ထုတ်ကုန်ပမာဏ ပိုတိုးလာတာပေါ့’’ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးမြင့်စိုးကပြောသည်။
လယ်ယာကုန်ထုတ်စွမ်းအားသည် အာဆီယံနိုင်ငံများအကြား အုပ်စုနှစ်စုရှိပြီး ပထမအုပ်စုတွင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ပါဝင်ကာ မြေယာထုတ်လုပ်နိုင်စွမ်းမှာ တစ်ဧကလျှင် ကန်ဒေါ်လာ၁၅၀၀-၂၀၀၀ခန့်ရှိသည်။ ဒုတိယအုပ်စုတွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့ပါဝင်ပြီး မြေယာထုတ်လုပ်နိုင်စွမ်းအားမှာတစ်ဧကလျှင် ကန်ဒေါ်လာ တစ်ထောင်အောက်၌သာရှိကြောင်း အဆိုပါမူကြမ်းတွင်ဖော်ပြထားသည်။
‘‘တိုင်းပြည်ရဲ့ လယ်ယာ ကဏ္ဍမှာ လူဦးရေကလည်းများ တယ်။ ထုတ်လုပ်မှုကလည်းများ တယ်။ ထွက်ကုန်ကျတော့နည်း နေတယ်။ အဲဒါတွေကို ဖြေရှင်းဖို့ ခက်နေတာတွေက လယ်ယာပိုင် ဆိုင်မှုပြဿနာတွေရှိနေတယ်။အ ရှေ့တောင်အာရှမှာလည်း စွမ်း အားစုတွေ ထောက်ပံ့မှုပေးတဲ့နိုင် ငံတွေထဲမှာအနည်းဆုံးနိုင်ငံဖြစ် တယ်။ တောင်သူတွေက ထုတ် လုပ်မှုစွမ်းအားကောင်းလာဖို့ဆို ရင် အမတော်ကြေးလိုဟာမျိုးတွေ ရဖို့အပြင် အထွက်တိုးတဲ့ မျိုးတွေ ကိုပေးဖို့နဲ့ ၀ယ်သုံးနိုင်အောင်လုပ် ဖို့၊ သူတို့ စိတ်ချရအောင်ထောက် ခံပေးဖို့တွေလည်း လိုပါတယ်’’ဟု ဦးမြင့်စိုးက ဆက်လက်ပြော ကြားသည်။
လယ်ယာထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံးနိုင်ငံမှာ အာဆီယံတွင် မလေးရှားဖြစ်ပြီး တစ်ဧကလျှင် ကန်၂,၃၆၉ဒေါ်လာဖြင့်ပထမ ဗီယက်နမ်က တစ်ဧကလျှင် ၁,၉၇၈ ဒေါ်လာဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ၁,၈၄၃ ဒေါ်လာဖြင့် တတိယဖြစ်သည်။ လယ်ယာလုပ်သားအရေအတွက်တွင် အာဆီယံ၌ မြန်မာက တတိယအများဆုံးဖြစ်သည်။ သို့သော် လုပ်သားတစ်ဦးချင်းထုတ်လုပ်နိုင်စွမ်းတွင်မူလုပ်သားတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ကန် ၃၀၁ ဒေါ်လာဖြစ်သည်။
အထက်ပါနှိုင်းယှဉ်ချက်များ အရ အရှေ့တောင်အာရှနိုင်ငံများ နှင့်နှိုင်းယှဉ်ကာ စိုက်ပျိုးထုတ်လုပ် မှုနှင့် အထွက်နှုန်းတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း အဆိုပါမူကြမ်း၌ ထည့်သွင်းအကြံပြုထားသည်။
7Day DAILY
http://www.7daydaily.com/story/56440
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template