Headlines News :
Home » » ဆရာ/ဆရာမ ၄၀၀ အား မူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်း ပို့ချ

ဆရာ/ဆရာမ ၄၀၀ အား မူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်း ပို့ချ

Written By Live100 on Monday, January 25, 2016 | 4:54 PM


မူလတန်းအဆင့် ​မွန်​စာသင်​ပြနည်းသင်​တန်းဖွင့်​ပွဲမြင်ကွင်း
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ ဇန်န၀ါရီ ၂၄
လာမည့်ပညာသင်နှစ်အတွက် အစိုးရစာသင်ကျောင်းများ၌ ကျောင်းချိန်အတွင်း မွန်စာသင်ကြားမည့် ကျောင်းဆရာ ဆရာမ ၄၀၀ ဦးကို ဇန်နဝါရီလ ၂၃ ရက်မှစကာ အခြေခံမူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်းကို မော်လမြိုင်မြို့ အမှတ် ၁ ကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိသည်။
သင်တန်းကို မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသတို့မှ လက်ရှိ မွန်စာ သင်ကြားပေးနေသည့် ဆရာ ဆရာမများ၊ စေတနာ့ ဝန်ထမ်း ဆရာ ဆရာမများ ပါဝင်ပြီး ပထမအသုတ် သင်တန်းသား ၂၀၀ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ထိ၊ ဒုတိယအသုတ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၁ ရက်ထိ သင်ကြား ပို့ချသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ် ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး  ဒေါက်တာမင်းနွယ်စိုးထံမှ သိရသည်။
 “ဒီသင်တန်းပြီးသွားရင် မွန်စာကို သမာရိုးကျ သင်ကြားနည်းကနေ ခေတ်နဲ့လိုက်လျောညီထွေတဲ့ သင်ကြားနည်းကို အသုံးပြုသွားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုပ်မြင့်က သင်တန်းဖွင့်ပွဲမှာ ပြောသွားခဲ့သည်။
ကျောင်းချိန်အတွင်း မွန်စာသင်ကြားခြင်းကို မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်နယ်အစိုးရမှတဆင့် ပညာရေး ဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် အကောင်အထည်ဖော်နေသော်လည်း သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့်ဆရာ၊ ကျောင်းအရေအတွက် ကျောင်းသားအရေအတွက် စသည့်အခြေခံအချက်အလက်များ စနစ်တကျမရှိခဲ့သည့်အတွက် ထိရောက်မှုမရှိခဲ့သည်ဟု ယဉ်ကျေးမှုတာဝန်ခံဝန်ကြီး  ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်စာကို စနစ်တကျ သင်ကြားသွားနိုင်ရန်အတွက် အခြေခံကာ မူလတန်းအဆင့် ဖတ်စာအုပ်၊ အခြေခံမွန်စကားစာအုပ်၊ ဆရာလက်စွဲစာအုပ် အစရှိသည့် မွန်စာသင်ရိုးညွှန်းတမ်းအသစ်ကိုလည်း ရေးဆွဲထားပြီးဖြစ်သည်။
လွတ်လပ်ရေး ရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေ သင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သော်လည်း မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ စပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှု ယူကာ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင်ကြားမှုကို အလုံးစုံ ပိတ်ပင်ခဲ့ကာ အစိုးရသစ်လက်ထက်၌ မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်၊ ပြည်နယ်အစိုးရ၏ အကောင်အထည်ဖော်မှုဖြင့် အစိုးကျောင်းတွေမှာ မွန်စာ ပြန်လည် သင်ကြားခွင့်ရပြန်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template