Headlines News :
Home » » တိုင်းလုံးကျွတ်နိုင်ထားသော NLD အမတ်များ၏ တနင်္သာရီ လွှတ်တော် ဖေဖော်ဝါရီ ၈ တွင် စတင်မည်

တိုင်းလုံးကျွတ်နိုင်ထားသော NLD အမတ်များ၏ တနင်္သာရီ လွှတ်တော် ဖေဖော်ဝါရီ ၈ တွင် စတင်မည်

Written By Live100 on Monday, January 25, 2016 | 9:34 PM



Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၂

အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်မည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်း အဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ရုံးမှ သိရသည်။

အစည်းအဝေးတွင် သဘာပတိ၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်ခြင်း၊ ကိုယ်စားလှယ်များ ကျမ်း ကျိန်ခြင်းတို့ကို လုပ်ဆောင်မည် ဖြစ် ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ရုံး ညွှန်ကြားရေးမှူး  ဦးမြင့်ဝေက ပြောသည်။

“ပုံမှန် အစည်းအဝေး စပြီးတာနဲ့ ဧပြီလကုန်လောက်အထိကတော့ လွှတ်တော် အစည်းအဝေးက တောက် လျှောက် ရှိနေလိမ့်မယ်။ နေ့တိုင်းတော့ ဖြစ်ချင်မှ ဖြစ်မယ်။ လုပ်သင့်တဲ့နေ့မှလုပ်၊ နားသင့်တဲ့နေ့မှာ နားပြီး တောက် လျှောက်ကို ရှိနေမှာပါ”ဟု ဦးမြင့်ဝေကဆိုသည်။

ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးရက်ကို လက်ရှိ လွှတ်တော်ဥက္ကဌနှင့် အနိုင်ရ ပါတီကိုယ်စားလှယ်များ တွေ့ဆုံတိုင်ပင် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ ဖုန်းဖြင့် ဆက် သွယ်ညှိနှိုင်းကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီ လ ၁ ရက်တွင် စတင်မည် ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အသီးအသီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုင်းလွှတ်တော် ပထမ သက်တမ်း၏ နောက်ဆုံးအစည်းအဝေးဖြစ်သည့် အထူးအစည်းအဝေး (၁/၂၀၁၆)ကို ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်၊ တနင်္သာရီ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)နှင့် ၂၀၁၆ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေတို့ကို အတည်ပြုမည် ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည့် ဒုတိယ အကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို NLD မှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၇ ဦးတို့ တက်ရောက်မည်ဖြစ်သည်။

ယင်းအတွက် အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်စာရင်းမှာ မပြောင်းလဲသဖြင့် တိုင်းဒေသကြီး နယ်စပ်နှင့် လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင် အပါအ၀င် ပထမအကြိမ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အားလုံးပါဝင်လာမည်ဖြစ်သည်။


Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template