Headlines News :
Home » » မြန်မာပါဝင်သည့် မဲခေါင်မြစ်တွင်း မှုခင်းထောက်လှမ်းရေးသင်္ဘော စတင်ကင်းလှည့်

မြန်မာပါဝင်သည့် မဲခေါင်မြစ်တွင်း မှုခင်းထောက်လှမ်းရေးသင်္ဘော စတင်ကင်းလှည့်

Written By Live100 on Tuesday, January 26, 2016 | 6:50 PM


မြန်မာနိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေ ပူးပေါင်းပြီး မဲခေါင်မြစ်တွင်း ပြစ်မှုမှုခင်းစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကင်းလှည့် သင်္ဘောခရီးစဉ်ကို ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။
၎ ရက်တာကြာမြင့်မယ့် ဒီကင်းလှည့်ခရီးစဉ်ကို တရုတ်နိုင်ငံအနောက် တောင်ပိုင်း၊ ယူနန်ခရိုင်၊ စီရွှန်းဘန်နာမြို့၊ ဂူအန်လိုင်ဆိပ်ကမ်းမှာ မနက် ၈ နာရီက စတင်ရေချခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်မှာ ဥပဒေကြောင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ့် သင်္ဘော ၈ စီး ပါဝင်ပြီး တရုတ်နိုင်ငံမှ ၅ စီးနဲ့ လာအိုနိုင်ငံမှ ၃ စီးပါဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ နိုင်ငံလေးနိုင်ငံမှ ဥပဒေပြစ်မှုဆိုင်ရာအရာရှိတွေပါဝင်ပြီး ရွှေတြိဂံ ဒေသဆီ ဆက်လက်ထွက်ခွာကာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုကူးတာတွေ လိုပြစ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးကြမှာ ဖြစ်ပါတယ်။
ခုလိုလေးနိုင်ငံပူးပေါင်းပြီး ကင်းလှည့်သင်္ဘောလှည့်ခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ဒါဟာ ၄၂ ကြိမ်မြောက်ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့မှာ ထိုင်းရေပိုင်နက်တွင်းမှာ တရုတ် ကုန်တင်သင်္ဘော ၂စီးကို လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပြီး တရုတ်သင်္ဘောသား ၁၃ ဦးအသတ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ ခုလိုပူးပေါင်းစစ်ဆေးမှုစတင်ခဲ့တာလို့ ဆိုပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template