Headlines News :
Home » » နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

Written By Live100 on Thursday, January 28, 2016 | 8:09 PM

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတွင် “နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအား နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ၎င်းအား တရားစွဲဆိုခြင်းတို့ မရှိစေရ”ဟု ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြင်ဆင်ချက်များ သဘောထားကွဲလွဲမှုများရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲခဲ့သည့် အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် ၁၁ ချက်လုံးကို ပြည်သူ့လွှတ်တော်၏ အတည်ပြုထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအရ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ ကိုယ်ရံတော်ဦးဆောင်သည့် လုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးအပ်ရမည် ဖြစ်ကြောင်း သိရသည်။

မူလဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးကို ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည့် အချက်များကို ပြည်ထောင်စုလွှတ်တော်က ထိုသို့ ပြင်ဆင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ နိုင်ငံတော်သမ္မ တတာဝန်ထမ်းဆေင်ခဲ့သူသည် ဤဥပဒေအရ လုံခြုံရေးအကာအကွယ်ပေးခြင်းကို နိုင်ငံတော်သမ္မတရာထူး သက်တမ်းကုန်ဆုံးသည့် နေ့ရက်မှစ၍ ခံစားခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template