Headlines News :
Home » » NLD အတည်ပြုသော လွှတ်တော်ထိပ်တန်းရာထူးတွင် မူးယစ်နှင့် နာမည်ထွက်ဖူးသူ ကွတ်ခိုင်ပြည်သူ့စစ် ခေါင်းဆောင် ပါဝင်

NLD အတည်ပြုသော လွှတ်တော်ထိပ်တန်းရာထူးတွင် မူးယစ်နှင့် နာမည်ထွက်ဖူးသူ ကွတ်ခိုင်ပြည်သူ့စစ် ခေါင်းဆောင် ပါဝင်

Written By Live100 on Thursday, January 28, 2016 | 8:11 PM

မကြာမီကျင်းပတော့မည့် ဒုတိယအကြိမ် လွှတ်တော်တွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရာထူးတာဝန်ထမ်းဆောင်မည့်သူ အမည်စာရင်းကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းထိန်က မီဒီယာများ ကို ပြောကြားခဲ့သည် ။



“ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌ ပြည်သူ့လွှတ်တော်ကော အမျိုးသားလွှတ်တော်ကော အတည်ပြုလိုက် ပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဌကတော့ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းမြင့် ၊ ဒုတိယ ဥက္ကဌ ကတော့ ကြံ့ခိုင်ရေးပါတီက ကချင်အမျိုးသားဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်မှာ ဥက္ကဌ ကတော့ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း ။ သူကတော့ အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်ရဲ့  မြေး ပေါ့ ။ ဒုတိယဥက္ကဌ ကတော့ ရခိုင်အမျိုးသား ဦးအေးသာအောင် ။ အဲ့ဒါအတည်ပြုလိုက်ပါပြီ သူတို့လည်း သဘောတူပါတယ် ” ဟု ဦးဝင်းထိန်က ပြောသည် ။


အန်အယ်လ်ဒီမှာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် အတည်ပြုလိုက်သည့် စာရင်းတွင် ပါဝင်လာ သည့် ဦးတီခွန်မြတ်မှာ  မူးယစ်ဆေးဝါး ရောင်းဝယ်မှု ထုတ်လုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာ အချို့ တွင် ဖော်ပြခံခဲ့ရဖူးပြီး ၄င်းကို လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ပေးအပ်မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လာပါသည် ။


“ မူးယစ်ခေါင်းဆောင်များ မွေးထုတ်ပေးပြီး ၊ ၂၁ ရာစု ၏ မူးယစ်ဘုရင် ခေါင်းဆောင်သစ်အတွက် ခန့်အပ် တာဝန်ပေးသလိုဖြစ်နေပြီ ၊ ဘိန်းဘုရင် ပြီးနောက် မူးယစ်ဘုရင်နဲ့ ပါလာမယ့် ၊ စစ်လက်နက်တွေဝယ် စစ်ဘုရင်ဖြစ်ဖို့ မဟာဗျူဟာချ မှတ် အနာဂါတ်မှာ ပြည်သူအားလုံးပါဝင်တဲ့ စစ်သားတိုင်းပြည်ဖြစ်လာမှာ မလွဲပါ ၊ တမျိုးပြောရရင် ပြည်သူ့စစ်တိုင်းပြည်အတွက် တဘက်ကနေ အားပေးနေသလို သံသယဖြစ်မိ ပါတယ် ” ဟု  သျှမ်းပြည်နယ်မြောက်ပိုင်း ဇာတိဖြစ်သည့်   စိုင်းဦးက ပြောသည် ။


သျှမ်းပြည်မူးယစ် စောင့်ကြည့်ရေးအဖွဲ့ကလည်း ဦးတီခွန်မြတ်အား လွှတ်တော်ရောက် မူးယစ်ရာဇာ တဦး ဟု ၄င်းတို့ထုတ်လုပ်သည့် Shan Drug Watch တွင်ရေးသားထားပါသည် ။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးတီခွန်မြတ်သည် ကချင်အမျိုးသား တဦးလည်း ဖြစ်ပြီး ဥပဒေရေးရာနှင့် ပတ်သက်၍ ကျွမ်းကျင်သူတဦးလည်း ဖြစ်ပါသည် ။ ခေတ်အဆက်ဆက် စစ်အစိုးရများ နှင့် ပြေလည်အောင်ပေါင်းသင်းနိုင်ခဲ့သူလည်း ဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ များက ပြောဆိုပါသည် ။


သျှမ်းပြည်နယ်အရေး စောင့်ကြည့်လေ့လာသူ ဦးခွန်ဆိုင်းက ‘ ဦးတီခွန်မြတ်နဲ့  ပတ်သက်ရင် ကွတ်ခိုင်နယ် ထဲမှာရှိတဲ့ လူတွေကိုမေးလိုက်ရင်ပဲ သူ့ရဲ့လက်ထောက် ဟိုတယောက်ပါတယ် ။ ဒီတယောက် မူးယစ်ဆေး ၀ါး ကိစ္စမှာ ပါတယ်ဆိုပြီး ပြောနေတာပဲ ။ အဲဒီတော့ ငါမပါဘူးလို့ ပြောဖို့ ခက်တယ် ။ အဲဒါတော့ပြောဖို့လို တယ် ။ ကျနော့်ကိုလည်း အရင်တုန်းက တရားပြန်စွဲမယ်ဆိုတဲ့ အခြေနေရှိတယ် ။ နာမည်ဖျက်တယ်ပေါ့ လေ ။ ကိုယ်တို့ရဲ့  ဆထရင်းကြားတွေကလည်း သူကိုယ်တိုင်လုပ်တာတော့ မတွေ့ဘူး ။ သို့သော် သူ့လူတွေလုပ်တာတော့တွေ့တယ်ဆိုတဲ့ သဘောပြောတယ် ။ ‘ ဟု  မှတ်ချက်ပြုပြောဆိုသည် ။


သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကလည်း -  ဦးတီခွန်မြတ်ကို လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်သော်လည်း  သျှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူများ၏ ကြည်ညိုလေးစားမှုကို ရရှိမည်ဟု မထင်ကြောင်း - TNLA အဖွဲ့၏ ပြောခွင့်ရ တာ့အိုက်ကျော်က ပြောသည် ။


ပြည်သူ့စစ်တွေရဲ့လုပ်ရပ်ကို သျှမ်းပြည်မြောက်ပိုင်းက လူတိုင်းကသိတယ် ။ ပြည်သူ့စစ်အဖွဲ့တိုင်းက မူးယစ်ဆေးဝါးနဲ့ မပတ်သက်တာမှ မရှိတာ - ဟု တာအိုက်ကျော်က ပြောသည် ။


ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးဝင်းမြင့်မှာ တာမွေမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည့် NLD ပါတီ၏ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၊ ဒုဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးတီခွန်မြတ်မှာ ကွတ်ခိုင်မြို့နယ်မှ အနိုင်ရရှိခဲ့သည့် ကိုယ်စားတစ်ဦးဖြစ်သည် ။


အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးမန်းဝင်းခိုင်သန်းမှာ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးလည်းဖြစ်သည် ။


ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၆) မှ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ရခိုင့် ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပါသည် ။  ယခင် စစ်အစိုးရလက်ထက်တလျှောက် အန်အယ်လ်ဒီနှင့် ရင်းနှီး ဆက်ဆံမှု ရှိခဲ့သူ တဦးလည်းဖြစ်သည် ။
သျှမ်းသံတော်ဆင့် http://panglongburmese.blogspot.com/2016/01/nld_28.html
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template