Headlines News :
Home » » တနင်္သာရီမြို့တွင် သေနတ်နှစ်လက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

တနင်္သာရီမြို့တွင် သေနတ်နှစ်လက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

Written By Live100 on Friday, January 29, 2016 | 7:43 PM


မြင့်မိုရ်(မြိတ်)မြိတ် ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု ဗောဓိကမ်းကျေးရွာအနီးရှိ နေအိမ်ခြံဝင်း တစ်ခုတွင် ဇန်နဝါရီလ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က ထိုင်းနိုင်ငံလုပ် သေနတ်နှစ်လက်နှင့်အတူ စိတ်ကြွ ရှုးသွပ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု တနင်္သာရီမြို့နယ်ရဲစခန်းမှ သိရသည်။
ယင်းခြံဝင်းအတွင်းရှိ ချောင်းနံဘေး လျိုအတွင်း တဲငယ်တစ်လုံးအား တွေ့ရှိသဖြင့် ပိတ်ဆို့ ရှာဖွေခဲ့ရာ တရားခံဟု ယူဆရသူ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း တနင်္သာရီ ရဲစခန်းမှ သိရသည်။
ယင်းတဲငယ်၏ အနောက်ဘက် လျိုအတွင်း ပလပ်စတစ် ကော်သီးဖြင့် ပစ်ခတ်ရသည့် ဖိုင်ဘာသေနတ် ၁လက်၊ ချောင်း နံဘေး လျိုအတွင်း မှ ဆင်စွယ်ရောင်ဘေးလွယ်အိတ်ဖြင့်ထည့် ထားသည့် အရှည် ၇.၅ လက်မခန့်ရှိ ထိုင်းနိုင်ငံလုပ် ခေါက်ချိုးသေနတ်အတို ၁ လက်၊ ကိုးလုံး ကျည် ၁၂ တောင့်၊ ကျည်ခွံ ၄၀ခု၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ပြား၊ ဘိန်းစာမှုန့်၁၀ကျပ်သားနှင့် အခြားပစ္စည်းတချို့အား သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
သေနတ်နှစ်လက်မှာ ခေါက်ချိုးသေနတ်တိုက အစစ်ပါ ပလပ်စတစ် ကော်သီးနဲ့ပစ်ရတဲ့ သေနတ်က လေသေနတ်ပါ ငှက်တွေပစ်ရာမှာ သုံးတဲ့သေနတ် အမျိုးအစားပါဟု အထက်ပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ယင်းသို့ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသူအား တနင်္သာရီမြို့မ ရဲစခန်းမှ မယ(ပ)၄/၂၀၁၆၊ မူး/စိတ် ပုဒ်မ- ၁၉(က)၊ (ပ) ၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အရ အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၀ ရက်ကလည်း ထားဝယ်မြို့တွင် သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template