Headlines News :
Home » , » ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေ

ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေ

Written By လွင့်မောင်မောင် on Wednesday, August 1, 2012 | 9:51 AM


ကချင်နေစဉ်သတင်း 

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ (၅)မှ ခေါင်းဆောင်တွေဟာ ၄င်းတို့ လက်အောက်ခံတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်(၅)ဦးကို တပ်မဟာ (၅)သို့ ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

ဗမာ့တပ်မတော်စစ်ကြောင်းနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မတရားလူသစ်စုခြင်း ခံရတဲ့ ရှမ်းတိုင်းရင်းသား ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်မှာပဲ ထွက်ပြေး တိမ်းရှောင်ကာ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေတာကြောင့် ယခုလို ခေါ်ယူစစ်ဆေးမေးမြန်းတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကေအိုင်အေ တပ်ဖွဲ့တွေအနေနဲ့လူသစ်စုဆောင်းတဲ့အခါမှာ ဒေသခံကချင်တိုင်းရင်းသားများ စုဆောင်းခြင်းထက် ကချင်ပြည်နယ်အတွင်းက ကေအိုင်အေ အုပ်ချုပ်တဲ့နယ်မြေထဲက ရွာတွေမှာနေထိုင်တဲ့ ရှမ်း လူမျိုးတွေကိုပဲ အဓိကထားပြီး စုဆောင်းခြင်းခံနေကြရပါတယ်။
 “ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ မုန်ဆန်းယန်၊ စပါးလင်ကုန်း၊ လဘော်ဆွမ်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွေက ကေအိုင်အေ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ အုပ်ချုပ်မှုမညီမျှခြင်း၊ ရိက္ခာလုံလောက်စွာမရရှိခြင်း၊ တိုက်ပွဲများ ဆက်တိုက်တိုက်ခိုက်နေရတဲ့အပြင် စီးပွားရေး ကောင်းစွာမလုပ်ကိုင် နိုင်တဲ့အတွက် ၎င်းတို့ရဲ့ မိသားစုများ စားဝတ်နေရေး ဒုက္ခရောက်ရခြင်း၊ ကေအိုင်အေမှ ထောက်ပံ့မှုမရှိခြင်း တွေကြောင့် ယခုလိုတပ်မတော်ကို အလင်းဝင်ရောက်ဖို့ ပြင်ဆင်ကြတာဖြစ်တယ်” လို့ ဒေါ့ဖုန်းယန်မှာရှိတဲ့ လူသစ်စုဆောင်းခြင်းခံရတဲ့ ကေအိုင်အေပြည်သူ့စစ်တပ်ဖွဲ့ဝင် ရှမ်းတိုင်းရင်းသားတစ်ဦးက အခုလို ပြောကြားခဲ့ပါ တယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template