ဒေါ်လာသန်း၅၀၀ကျော်တန်ဖိုးရှိသော ရွှေတြိဂံဒေသထွက်မူးယစ်ဆေးဝါးများ ဆစ်ဒနီတွင် ဖမ်းဆီးမိ
'ice'စိတ်ကြွဆေး ၃၀၆ကီလိုဂရမ်နှင့် ဘိန်းဖြူ ၂၅၂ကီလိုဂရမ်
စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၅သန်း ( ထိုင်းဘတ်ငွေ ၁၆.၅၅
ဘီလျံ )ခန့်ကို ဆစ်ဒနီမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း
ရဲတပ်ဖွဲ့မှကြေညာခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးဂိုဏ်းများ လှုပ်ရှားမှုကို
သံသယဖြစ်ဖွယ်ရာ များကို ၁၁လကျော်ကြာ စုံးစမ်းထောက်လှမ်းပြီး
ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများသည် နာမည်ကျော်
မြန်မာအစိုးရမထိမ်းချုပ်နိုင်သော ရွှေတြိဂံနယ်မြေမှတဆင့် ထိုင်း နိုင်ငံအတွင်းဖြတ်သန်းကာ ကြွေရည်သုတ်ကရားများအတွင်းထည့်သွင်း၍ ကုန်ပို့ကွန်တိန်နာများဖြင့် ထိုင်းနိုင်ငံဆိပ်ကမ်းမှ သြစကြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့တင်ပို့ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည်
ဂိုဏ်းအဖွဲ့ဖြင့် လုပ်ကိုင်ကြပြီး ဟောင်ကောင်မှ စီစဉ်မှုများရှိသည်ဟု
စုံးစမ်းမှုအရသိရကြောင်း ဖေါ်ပြထားသည်။ ယ္ခုလိုမူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်းသည် ယ္ခုနှစ်အတွက် အများဆုံးပမာဏဖြစ်ပြီး သြစတြေးလျနိုင်ငံသမိုင်းတွင် တတိယမြောက် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်ပါတ်သက်၍
ဟောင်ကောင်နိုင်ငံသား ၄ဦး၊ ဗြိတိန်ဒေသမှပြောင်းရွှေ့လာသော သြစတြေးနိုင်ငံ
နေထိုင်ခွင့်ရှိသူ ၃ဦးတို့ကို ဖမ်းဆီးထိမ်းသိန်းထားပြီဖြစ်သည်။