Headlines News :
Home » » "စစ်အတွင်း ညှဉ်းပန်းသတ်ဖြတ်မှု ပြန်လည်ကုစားရေး ဂျပန်ရုပ်သံ မြန်မာ၌ မှတ်တမ်းရုပ်မြင် ရိုက်ကူး"

"စစ်အတွင်း ညှဉ်းပန်းသတ်ဖြတ်မှု ပြန်လည်ကုစားရေး ဂျပန်ရုပ်သံ မြန်မာ၌ မှတ်တမ်းရုပ်မြင် ရိုက်ကူး"

Written By လွင့်မောင်မောင် on Wednesday, August 1, 2012 | 4:46 PM

Popular Myanmar News Journal


ဂျပန်ရုပ်သံတစ်ခုတွင် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွား ခဲ့သော ဖြစ်ရပ် တစ်ခုနှင့် စပ်လျဉ်းသည့်သတင်းထုတ်လွှင့် နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ မှတ်တမ်းတင်
ရုပ်မြင်လာရောက်ရိုက်ကူးခဲ့ကြောင်းရန်ကုန်စည်ပင် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြား ရေးဌာနမှသတင်းရရှိသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း မွန် ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ကုလား ကုန်းကျေးရွာသူရွာသား များအား ဂျပန်စစ်တပ်မှ ရေတွင်း များအတွင်းသို့ ပစ်ချ၍ သတ်ဖြတ် ခဲ့ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းနှင့် အမျိုးသမီး များအား မုဒိမ်းမှုကျူးလွန် ၍ သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ရာ ယင်းအား ပြန်လည်ကုစားနိုင်ရန် အဆိုပါ ကျေးရွာတွင် မူလတန်း စာသင်ကျောင်း ဆောက်လုပ်ပေး ခြင်းနှင့် လမ်းများ ပြုပြင်ပေးခြင်းကို ဂျပန်နိုင်ငံမှ ဆောင်ရွက်ပေးပြီး ယင်းတို့ကို မှတ်တမ်းတင်ရုပ်မြင်
လာရောက်ရိုက်ကူးခြင်းဖြစ်ကြောင်း အထက်ပါဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

''အဲဒီတုန်းက ဦးဆောင်ပြီး သတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့အရာရှိ တွေကို အဲဒီအချိန်က စစ်တရားခုံ ရုံးဖြစ်တဲ့ မြို့တော်ခန်းမ အပေါ်ဆုံး အထပ်မှာ တရားစီရင်ခဲ့တယ်။ အဲဒီ အတွက် မြို့တော်ခန်းမ အပေါ် ဆုံးအထပ်ကိုလည်းမှတ်တမ်းဓာတ်ပုံလာရောက်ရိုက်ကူးသွားခဲ့တယ်''ဟု ၄င်းက ဆိုသည်။မြန်မာနိုင်ငံသို့ လာရောက်ရိုက် ကူးသွားသော မှတ်တမ်းရုပ်မြင် များနှင့် အတူသတင်းကို ဂျပန်ရုပ် သံလိုင်းဖြစ်သည့် Japanese TV Station တွင် အချိန် ၃ မိနစ်စာ သတင်းထုတ်လွှင့် မည်ဖြစ်ကြောင်း ၄င်းတို့ဘက်မှ ရိုက်ကူးရေးအတွက် ခွင့်ပြုပေးရန်
တောင်းခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ဂျပန်ရိုက်ကူးရေး အဖွဲ့သည် ကျိုက်မရောမြို့နယ်သို့ ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် မှတ်တမ်း တင်ဓာတ်ပုံသွားရောက်ရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမသို့ ဇူလိုင် ၂၇ ရက်နေ့တွင် ဓာတ်ပုံလာရောက်ရိုက် ကူးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ
အရာရှိထံမှ သိရသည်။လက်ရှိ၌ ဂျပန်စစ်ဗိုလ်ချုပ်နှင့် အရာရှိများအား သေ ဒဏ်ပေးခဲ့သည့် မြို့တော်ခန်းမ၏ အပေါ်ဆုံးအထပ် စစ်ခုံရုံးအခန်းအား အက၊ ဂီတအဖွဲ့ များအသုံးပြုရန် အနုပညာခန်းအဖြစ် ထားရှိကြောင်း သိရသည်။
Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template