Headlines News :
Home » » တိုင်ဖွန်းမုန်တိုင်း SAOLA အကြွင်းအကျန်တိမ်တိုက်များနှင့် မိုးရွာသွန်းနိုင်မည့် အခြေအနေ

တိုင်ဖွန်းမုန်တိုင်း SAOLA အကြွင်းအကျန်တိမ်တိုက်များနှင့် မိုးရွာသွန်းနိုင်မည့် အခြေအနေ

Written By လွင့်မောင်မောင် on Saturday, August 4, 2012 | 8:58 PM


တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များသည် တရုတ်ပြည်မကြီး အနောက်တောင်ကမ်းရိုးတန်းအတိုင်း အနောက်ဘက်သို့ ရွေ့လျားလျှက်ရှိနေပြီး ဟောင်ကောင်/မကာအိုတို့ အပေါ်မှ ဖြတ်ကျော်ကာ ဟိုင်နန်ကျွန်း မြောက်ဘက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် လာမည့် ၇၂ နာရီ(သြဂုတ်လ ၇ ရက် – မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီအထိ) မိုးရွာသွန်းနိုင်မည့် အခြေအနေခန့်မှန်းချက်ပုံနှင့် တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ တရုတ်ပြည် တောင်ဘက်ကမ်းရိုးတန်းအား ထပ်မံဝင်ရောက်ဦးမည့် မုန်တိုင်း HAIKUI(12W) အခြေအနေအား အောက်တွင် တင်ပြထားပါသည်။
 
သြဂုတ်လ ၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် တွေ့မြင်ရသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားမှု အခြေအနေ(အောက်ပုံ)
 
လာမည့် တနင်္လာနေ့(သြဂုတ်လ – ၆ ရက် 0600 UTC)တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည့် မုန်တိုင်း HAIKUI(12W) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၊ အိုကီနာဝါမြို့ အရှေ့ဘက် မိုင် ၃၄၀ ခန့်တွင် ဗဟိုပြလျှက်ရှိပါသည်။ HAIKUI သည် တနင်္ဂနွေနေ့ 0600UTC တွင် အိုကီနာဝါကျွန်း၊ KUNIGAMI မြို့ အနီးမှ ကပ်၍ ဖြတ်သန်းပြီး အရှေ့တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ တရုတ်ပြည်တောင်ဘက် ကမ်းရိုးတန်းအား Zhejiang ပြည်နယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။ ထို့ကြောင့် မုန်တိုင်း HAIKUI ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန် (ခန့်မှန်း သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီ) နောက်ပိုင်းတွင် မုန်တိုင်းတိမ်တိုက်များ ရွေ့လျားမှုကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 12W HAIKUI – 04 Aug 2012 0600Z
Location: 25.6 133.1
Winds: 35 knots
Central Pressure: 996 hPa


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template