ရန်ကုန်မြို့ မြေနီကုန်းအနီးတွင်ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို
ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုဝင်းခန့်က The Street View ဂျာနယ်သို့ အတည်ပြုပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကိုယ်စားလှယ်
မစ္စတာကင်တားနားတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏
ရိုဟင်ဂျာအရေးထုတ်ဖော်ပြောဆိုမှုကို ထောက်ခံကြောင်း သြဂုတ် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် UNHCR ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများထဲမှ ကိုဝင်းခန့်၊
ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း တို့ကို သြဂုတ် ၃
ရက်နေ့ညပိုင်းတွင် စမ်းချောင်းမြို့နယ်ရဲစခန်းမှ
ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုဝင်းခန့်က ဆက်လက်ပြောကြားသည်။
`ဒီနေ့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်ရယ်၊ ကိုအောင်နိုင်ထွန်း၊
ကိုမျိုးမင်းစိုးနှင့် ကိုသူရထွန်းတို့ လေးဦးကို
ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်´ ဟု စမ်းချောင်းမြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံနေရာမှ The Street View ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို ကိုဝင်းခန့်က ယနေ့ည ၇ နာရီခွဲတွင် အတည်ပြုပြောကြားသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး The Street View ဂျာနယ်မှ စမ်းချောင်းမြို့နယ် စခန်းမှုးအား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အလုပ်ရှုပ်နေပါသဖြင့် နောက်မှပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။
ရန်ကုန်မြို့ မြေနီကုန်းအနီးတွင်ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြော
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင
UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများထဲမှ ကိုဝင်းခန့်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း တို့ကို သြဂုတ် ၃ ရက်နေ့ညပိုင်းတွင် စမ်းချောင်းမြို့နယ်ရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြော
`ဒီနေ့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်ရယ်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုးနှင့် ကိုသူရထွန်းတို့ လေးဦးကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်
ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး