Headlines News :
Home » » မြန်မာ့ မီးရထား ကျူးကျော်အိမ် ၁၃ လုံး ဖျက်သိမ်း

မြန်မာ့ မီးရထား ကျူးကျော်အိမ် ၁၃ လုံး ဖျက်သိမ်း

Written By လွင့်မောင်မောင် on Wednesday, August 1, 2012 | 4:57 PM

ရန်ကုန်တိုင်း၊ ပုဇွန်တောင် ဘူတာရုံအနီးရှိ ကျူးကျော်အိမ် ၁၃ လုံးကို မြန်မာ့မီးရထား လုံခြုံရေး အာဏာပိုင်များက ဇူလိုင်လ ၃ဝ ရက်နေ့ တွင် ဖျက်သိမ်းလိုက်ကြသည်။
“နေ့လည် ၁၂ နာရီမှာ မီးရထား လုံခြုံရေး အာဏာပိုင်တွေက ကျနော်တို့ အိမ်တွေကို တူတွေ၊ သံတူရွင်းတွေနဲ့ လာဖျက်ကြပါတယ်။ အိမ်မှာ ကျောင်းတတ်နေတဲ့ ကျောင်းသားတွေ ရှိပါတယ်။ သူတို့ အိမ်ပြန်လာရင် ဘယ်လိုလုပ်ရမှန်း မသိပါဘူး” ဟု အဖျက်ခံရသော အိမ်တအိမ်မှ အမျိုးသား တဦးက ပြောသည်။
သူက ဆက်လက်ပြီး “ကျနော်တို့ ဒီမှာနေလာတာ ၁၃ နှစ်လောက်ရှိပါပြီ။ အခုလို အိမ်ဖျက်ခံရတော့ ဘယ်မှာ သွားနေရမှန်း မသိတော့ပါဘူး” ဟု ပြောသည်။
အဆိုပါ နေအိမ်များကို မြန်မာ့မီးရထား အာဏာပိုင်များက ဇူလိုင် ၃ဝ ရက်နေ့ မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ဖျက်ပေးရန် ညွှန်ကြားထားခဲ့ရာ ထိုနေအိမ်များတွင် နေထိုင်သူများက မဖျက်ကြသဖြင့် မီးရထား လုံခြုံရေး ဝန်ထမ်း အယောက် ၂ဝ ခန့်က ယခုကဲ့သို့ လာရောက် ဖျက်ကြခြင်း ဖြစ်သည်။
ဇူလိုင်လအတွင်း ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များ ဖြစ်သော မရမ်းကုန်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ ကျူးကျော်အိမ်များကို အာဏာပိုင်များက ဖျက်သိမ်းခဲ့သေးသည်။

အောင်ကိုကို | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၄၁ မိနစ်
by Mizzima - News in Burmese

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template