Headlines News :
Home » , » တိုက်ပွဲများရပ်တန့်ပေးရန် သမ္မတထံ RCSS စာပေးပို့

တိုက်ပွဲများရပ်တန့်ပေးရန် သမ္မတထံ RCSS စာပေးပို့

Written By လွင့်မောင်မောင် on Friday, August 3, 2012 | 1:11 PM

တိုက်ပွဲများဆက်လက်ဖြစ်နေမှုအတွက် စစ်ဖက်ဆိုင်ရာအား အစိုးရကတားဆီးပေးရန် အပါ အဝင် အချက် နှစ်ချက်ပါပေးစာကို သျှမ်းပြည်တပ်မတော်က သမ္မတထံပေးပို့ လိုက်ပြီဖြစ် ကြောင်း RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။

သြဂတ်စ် ၁ ရက်နေ့ ရက်စွဲဖြင့် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် လက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ စာတစောင်ပေးပို့ခဲ့ခြင်းဖြစ်၏။ တိုက်ပွဲဖြစ်ပွားနေသည့်အပေါ် အဖြေရှာရေး နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး လက်တွဲဆောင်ရွက်ဖို့ အဓိကဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် ပြော ခွင့်ရဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။


“တကယ်လို့ ကျနော်တို့စာပို့ပေးပြီးတဲ့နောက်ပိုင်းမှာလဲတိုက်ပွဲတွေဆက်ဖြစ်နေသေးရင် အစိုးရဟာစစ်တပ် အပေါ်ထိန်းချုပ်နိုင်စွမ်းအာဏာမရှိဘူးဆိုတာ သတ်မှတ်ရတော့မှာဘဲ။ သို့မဟုတ် ရင်လဲ စစ်တပ်နဲ့အစိုးရ ပူးပေါင်းပြီးတိုင်းရင်းသားတွေအပေါ် ကစားတဲ့လှည့်ကွက် တခုဘဲဖြစ် မယ်။ တကယ်လို့ပြောင်းလဲမှုမရှိဘဲ တိုက်ပွဲဆက်ဖြစ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဟာ လေထဲမှာကြေငြာရုံသက်သက်ဘဲဖြစ် သွားပါလိမ့်မယ် လို့ကျနော်ပြောချင်ပါတယ်” ဟုဗိုလ်မှူးလောင်ဝ်ဆိုင်ကဆက်လက်ပြောပြသည်။

ဂျူလိုင်လ ၃၀ ရက်နှင့် ၃၁ ရက်က နမ့်စန်မြို့နယ် လွယ်ယေးဒေသ နှင့် မိုင်းပန်မြို့နယ် နောင်လေ အုပ်စု အတွင်း တိုက်ခိုက်များဖြစ်ပွားခဲ့သည့်အပြင် ယမန်နေ့ကလည်း မြန်မာစစ်တပ်ကအင်အားတရာကျော် ထပ်မံဖြည့်တင်းကာ RCSS/SSA အား အဆိုပါလွယ်ယေးဒေသအတွင်း ဆက်တိုက် နေသည်ဟု ပြောသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template