Headlines News :
Home » , » ကချင်ဒေသ သတင်းများ myitkyina.blog.com

ကချင်ဒေသ သတင်းများ myitkyina.blog.com

Written By လွင့်မောင်မောင် on Tuesday, July 31, 2012 | 12:25 AM


အမိန့်မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ

အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီးနေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ်ရင်ဆိုင်တိုက်ခိုက်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ဆန္ဒမရှိတော့သဖြင့်၊ ရှေ့တန်းရောက် စစ်ကြောင်းမှူးများသည် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြနေကြကြောင်း သိရှိရသည်။ နေ့စဉ် KIA နှင့် မည်သည့်အရပ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြ ကြောင်း၊ ရန်သူအလောင်း မည်မျှသိမ်းဆည်းရမိကြောင်းကို မဟုတ်မမှန် အစီရင်ခံတင်ပြနေကြ ကြောင်း သိရှိရသည်။

အစိုးရစစ်သားများ စိတ်ဓါတ်ကျဆင်းမှုများလာ

ရှေ့တန်းရောက် အစိုးရတပ်သားများသည် စိတ်ဓါတ်ကျဆင်းနေလျက်ရှိကာ အခွင့်သာတိုင်း တပ်စခန်း မှ ထွက်ပြေးလျက်ရှိသည်။ အထက်အရာရှိများ၏ ညှင်းဆဲခြင်း၊ အစားအသောက် ဆင်းရဲခက်ခဲခြင်း နှင့် ကျန်းမာရေး ချို့တဲ့မှုများစွာ ခံစားနေကြရကာ အဓိပ္ပါယ်မရှိသောတိုက်ပွဲကို မဆင်နွဲလိုသဖြင့် ယခုကဲ့သို့ တပ်သားဘ၀မှ စွန့်ခွာရခြင်းဖြစ်ကြောင်း အဆိုပါ တပ်သားက ပြောဆိုကြောင်း သိရှိရသည်။

တပ်ပြေးကြောင့် ရွာလူကြီး ဖမ်းဆီးခံရ

မိုးမောက်မြို့နယ် ဂျခန်းဒပ်ကျေးရွာတွင် အခြေပြုလှုပ်ရှားနေသော ခလရ(၂၃၇)တပ်ဖွဲ့ဝင်တို့သည် ဂျခန်းဒပ်ကျေးရွာလူကြီး ဦးမရန်နော်ဘောက် အား ဇူလိုင်လ(၂၆)ရက်နေ့တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ခလရ(၂၃၇)တပ်ဖွဲ့ မှ စစ်သား(၂)ဦးသည် လက်နက်နှင့်အတူ တစ်ပါတည်း တပ်မှထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် ရွာလူကြီးကို စစ်ဆေးမေးမြန်းရန် လာရောက်ခေါ်ဆောင်ရခြင်း ဖြစ်နိုင်ကြောင်း ရွာသားများ ခန့်မှန်းပြောဆိုကြသည်။
အစိုးရစစ်သားများ စိတ်ဓါတ်ကျဆင်းကာ တိုက်ပွဲဝင်ရန် ဆန္ဒမရှိဘဲ ထွက်ပြေးမှုဖြစ်စဉ်ပေါ်ပေါက်တိုင်း နီးရာရွာသားများအား ဖမ်းဆီးကာ ညှင်းဆဲရိုက်နှက် စစ်ဆေးနေကြကြောင်း သိရှိရသည်။

ဘုန်းကြီးတစ်ပါး ပစ်ခတ်ခံရ

ရထားလမ်း လုံခြုံရေးတာဝန်ယူလှုပ်ရှားသော ခလရ(၁၀၅) မှ တပ်ဖွဲ့ဝင်များသည် ဆားမှော်အနီး ရထားလမ်းပေါ်မှ ဖြတ်သွားသော ဘုန်းကြီးတစ်ပါးအား ဇူလိုင်လ(၂၆)ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
သံလမ်းတလျှောက်တွင် တာဝန်ယူသော တပ်ဖွဲ့ဝင်များသည် ရထားလမ်းအနီး ဖြတ်သွားသော ရွာသားများကို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ထိုကဲ့သို့ ပတ်ခတ်မှုများကို အစဉ်ပြုလုပ်လျက် ရှိသည်။
ပစ်ခတ်ခံရသော ဘုန်းကြီးသည် ဒါဏ်ရာပြင်းထန်ရရှိပြီး ယခုအချိန်တွင် ဆားမှော် ဆေးရုံတွင် ကုသခံနေကြောင်း သိရှိရသည်။

 by myitkyina.blog.com on July 30, 2012


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template