ကရင်အမျိုးသားအစည်းအရုံး
(KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅
ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။
"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။
KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက်
ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင်
ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။
KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက် ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။