Headlines News :
Home » , » တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုကတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်းထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အားပြောကြား

တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုကတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်းထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အားပြောကြား

Written By လွင့်မောင်မောင် on Tuesday, July 31, 2012 | 1:06 AM


တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များတွင် လိုအပ်ချက် များ ရှိလျှင် ပွင့်ပွင့်လင်းလင်း လာရောက် ဆွေးနွေး အကြံပေးနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုက  ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အား ဇူလိုင်လ ၂၇ ရက်နေ့ ၀န်ကြီးချူပ် ရုံးခန်း၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ယင်းတွေ့ဆုံ ပွဲတွင် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကျော်ကျော်သက်၊ ဦးနေ၀င်းအောင်၊ ဦးကျော်သောင်း၊ ဦးသန်းမြင့်နှင့် ဒေါ်မိုမိုချစ်တို့ တက်ရောက် ခဲ့ပြီး  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ထံမှ သိရသည်။

လူထု အတွင်း နီးကပ်စွာ ရှိသည့် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့်လည်း ကြားသိရသမျှကို တိုင်းအစိုးရ အဖွဲ့နှင့် လူထုကို ပွင့်ပွင့်လင်းလင်း ပြောကြားပေးရန် ၀န်ကြီးချူပ် ဦးမြတ်ကို က ဆွေးနွေးပြောကြားခဲ့သည်။

ယခုကဲ့သို့ တွေ့ဆုံခွင့်ရ သည်ကို ကျေနပ် အားရမိပြီး ဒေသ လူထုအသံကို နားထောင်လိုကြောင်း ပြောဆိုသည့်အတွက် ထားဝယ် ၈၈ မျိုးဆက်များ၏ ပွင့်လင်း လူ့အဖွဲ့အစည်း လမ်းကြောင်းနှင့် တစ်ထပ်တည်း ကျသည်ဟု ထားဝယ် ၈၈ မျိုးဆက် ကျောင်းသား ဦးကျော်ကျော်သက်က ပြောသည်။

“ဒေသခံရဲ့အသံကို အစိုးရအဖွဲ့ဆီ ပို့ပေးဖို့က ကျွန်တော်တို့ တာဝန်ပါ ” ဟု ဦးကျော်ကျော်သက်က ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်း အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ၂၆ ရက် အကြာ နိုင်ငံတော် သမ္မတ ကြီးနှင့် ၈၈ မျိုးဆက် ကျောင်းသား တွေ့ဆုံရန် သတင်းများ ထွက်ပေါ်နေချိန်တွင် ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ၀န်ကြီးချူပ် ဦးမြတ်ကိုတို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း ပြဿနာများနှင့် ပတ်သက်ပြီး ဆွေးနွေး အကြံပြုခြင်းသည် အစိုးရ အဖွဲ့အား ကူညီရာ ရောက်သကဲ့သို့  ပြည်သူ လူထုအားလည်း ကူညီရာ ရောက်ကြောင်း၊ သို့သော် ပွင့်လင်း မှန်ကန်စွာ တင်ပြ ဆွေးနွေးရန် လိုအပ်ပြီး ပြဿနာများကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ရန်လည်း လိုအပ်သည်ဟု အသက် ၄၄ နှစ်အရွယ် ထားဝယ်မြို့ခံ တစ်ဦးက ထောက်ပြသည်။

“ ဖြစ်စဉ် ဖြစ်ရပ်တွေကို သေသေချာချာ နားလည် သဘောပေါက်ပြီး ဆွေးနွေးရင်တော့ ပိုထိရောက်မယ် ” ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများသည် မောင်းမကန် ကမ်းခြေ မြောက်ဘက် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရထံသို့ ဇူလိုင်လ ၂၃ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့ခဲ့ပြီး လောင်းလုံမြို့နယ် ညှင်းမော်ရွာ အနီးတွင် ပြုလုပ်မည့် ရေနံချက် စက်ရုံကိစ္စအပါအ၀င် အခြား ဒေသတွင်းဖြစ်ပေါ် လာသည့် ကိစ္စများနှင့် ပတ်သက်ပြီးလည်း လူထုအတွင်း ထဲထဲဝင်ဝင် ထိတွေ့ကာ လူထု၏အသံကို တင်ပြပေးမည် ဟု ယင်းအဖွဲ့သိရသည်။

From Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template