Headlines News :
Home » » သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

Written By လွင့်မောင်မောင် on Monday, January 21, 2013 | 8:42 AM


သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။ (ဇန်န၀ါရီလ ၂၀ ရက်၊၂၀၁၃)

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

 သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။ အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချခဲ့ပါတယ်။
 အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template