ဓာတ်ပုံ- wfuv.org
ဇန်န၀ါရီလ ၁၆ ရက်နေ့က စတင်ပြီး မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနက (ဘ) အက္ခရာ ယာဉ်တွေကို လက်ခံနေပြီလို့ ယနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
ယာဉ်သက်တမ်း နှစ်ပေါင်း ၄၀ ကျော် ရှိတဲ့ ( စ၊ ဆ၊ ဇ) အက္ခရာ ယာဉ်အိုတွေကို ပထမအဆင့် ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းပြီး အစားထိုး စီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယ အဆင့် စီမံချက် ( ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ) အက္ခရာတွေကို ဆောင်ရွက်ခဲ့ရာမှာ ယာဉ်ဟောင်း ၇၀၉၉၉ စီး ရှိခဲ့ပါတယ်တဲ့။
မာဇဒါ အုပ်စုဝင်ထဲက ပြန်လည်မှတ်ပုံတင်ယာဉ်ပေါင်း ၃၉၇၂ စီး အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ဘ ကုန်းတွေ အလှည့်ရောက်လာတာဖြစ်ပါကြောင်း။
အခုလိုယာဉ်အို၊ ယာဉ်ဟောင်းတွေသိမ်းဆည်းပြီး အစားထိုး တင်သွင်းခွင့်ပါမစ်တွေ အများသူငါကို ချပေး လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကားဈေးဟာ ယခင်ကနဲ့ မတူတော့ဘဲ အတော်ထိုးဆင်းလာခဲ့ပြီး အများသူ ငါ ကားဝယ်စီးနိုင်တဲ့ အခြေကို ဆိုက်လာနေပါတယ်။
ဧရာဝတီblogမှ