Headlines News :
Home » » ဖါးကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ

ဖါးကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ

Written By လွင့်မောင်မောင် on Wednesday, January 23, 2013 | 11:32 PM

2013-01-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ဝှေခါကျေးရွာရပ်ကွက် ၁ နား က မြေစာပုံမှာ ရေးမဆေးကျောက်ရှာနေတဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ပစ်တဲ့လက်နက်ကြီးဟာ ရေမဆေးကျောက်ရှာနေတဲ့ ၃ယောက်ကို ထိပြီးမှ ပွဲချင်းပြီးသေသွားတာ၊ အခုလေးတင်ပဲ တစ်လုံးပစ်တယ်ဗျာ၊ ၁၁ လောက်ကနေပြီးတော့မှာ ၅ နာရီခွဲလောက်အထိ ပစ်နေတုန်းပဲ၊ အခုပစ်တာကတော့ တောင်တန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာ၊ နောက်ပတ်ချာလည် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ အတွင်းမှာ အလုံး ၂၀ ကျော်ကျနေတာ၊ ပြည်သူတွေက အခုမနေရဲတဲ့အခါကျတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတယ်”
အလားတူ ဒီကနေ့မနက်ပိုင်း ၆ နာရီလောက်ကလည်း ဝှေခါကျေးရွားနဲ့ ၂ မိုင်လောက်ဝေးတဲ့ မှော်ဂဠုန်ကျေးးရွာဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိပ်မူနဲ့ မှော်ဂဠုန်ရွာကြား ဆိုင်းတောင်ရွာဟောင်းက ဒေသခံပြည်သူတစ်ရွာလုံးလည်း တိုက်ပွဲပြင်းထန်တာကြောင့် ဆိပ်မူကျေးရွာဖက်က ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရာရှိခိုးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သတင်းရရှိပါတယ်။
RFA မှ မူရင်းအတိုင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template