Headlines News :
Home » , » ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်စုပြောကြား

ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်စုပြောကြား

Written By လွင့်မောင်မောင် on Sunday, January 20, 2013 | 8:24 PM



မုန်း၊ ဇန်နဝါရီ ၂၀။

ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင် ပြောကြားသည်။

၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊မုန်းမြို့ရှိ ဒေသခံတို့အားပြောကြားခဲ့ခြင်းဖြစ်ပြီး
 ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးသည့် အချက်များတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့စည်းတစ်ခုနှင့် တစ်ခုတို့ နားလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီး
လုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေး
မရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆိုသည်မှာ ပူပင်စိုးရိမ်ကြောင့်ကြမှု ကင်းခြင်းအား ဆိုလိုခြင်းဖြစ်ပြီး ၎င်းအနေဖြင့်"ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် တစ်ယောက်ခြင်း တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်" ဟုဆိုသည်။

ငြိမ်းချမ်းရေးရရန်အတွက် မည်သူ့တွင်တာဝန်ရှိသည်ဟု လက်ညိုးထိုးနေမည့်အစားမိမိတို့ ကိုယ်ကိုမိမိတို့ လက်ညိုးထိုး၍ မိမိသည်လည်း တာဝန်ရှိသည်ဟု ခံယူချက်များထားရှိရမည်ဖြစ်ကြောင်း သိရသည်။

"အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။-
 The Myanma Age
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template