Headlines News :
Home » » ထားဝယ်စီမံကိန်းကို လူမှုအဖွဲ့အစည်းများ ဖျက်ဆီးဟု ဒုတိယ ၀န်ကြီးပြောဆို

ထားဝယ်စီမံကိန်းကို လူမှုအဖွဲ့အစည်းများ ဖျက်ဆီးဟု ဒုတိယ ၀န်ကြီးပြောဆို

Written By လွင့်မောင်မောင် on Saturday, January 26, 2013 | 4:25 PM



ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအစိုးရက အကောင်အထည်ဖော်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို လူမှုအဖွဲ့အစည်းများက ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေက ပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်များရန်ကုန်မြို့တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံအပြီး လေးရက်အကြာ ဇန်န၀ါရီ ၄ ရက်နေ့တွင် ထားဝယ်မြို့၌ ပြုလုပ်သည့် စီမံကိန်း အောင်မြင်ရေး အစည်းအဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖျက်လို ဖျက်ဆီးလုပ်သည့်သူများကို ကာကွယ်ရန် ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ ဖွဲ့စည်းရန် မိမိအနေဖြင့် တွေးမိကြောင်း အငြိမ်းစား ဗိုလ်မှူးချုပ် တစ်ဦးဖြစ်သူ ဦးဘုန်းဆွေက ဆိုသည်။

“ပြည်သူ့စစ်အဖွဲ့လိုပေါ့။ ရန်သူက ပေါ်လာပြီလေ။ ပြည်သူ့စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာမဟုတ်လား”ဟု ဦးဘုန်းဆွေက ပြောကြားသည်။

ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများထိခိုက်နစ်နာမှုမရှိစေရန် ထားဝယ်ဒေသခံ အဖွဲ့အစည်းများ၊ ရပ်ရွာဖွံ့ဖြိုးရေး ကော်မတီများ က သတင်းအချက်အလက်များ ဖြန့်ဝေလျက်ရှိပြီး စီမံကိန်းကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ စီမံကိန်းတွင် ပါဝင်မည့် အကြီးစား စက်မှုဇုန်များကိုသာ မလိုလားခြင်းဖြစ်ကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့ပြီးဖြစ်သည်။

“ အခု သူတို့လုပ်တာက စီမံကိန်း ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ညွန်းပေမယ့် စီမံကိန်းကြီးမလုပ်ပါနဲ့ လို့ တစ်ခွန်းမှ မပြောရဲဘူး” ဟု ဦးဘုန်းဆွေက အရပ်ဘက် လူထုအဖွဲ့အစည်းများကို ရည်ညွန်းပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန်သည် လူထုအခြေပြုအဖွဲ့အစည်း ၈၆ ခုမှ ခေါင်းဆောင်များ ကိုယ်စားလှယ်များနှင့် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးဖြစ်ထွန်းမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို အမှန်တကယ်ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

(The Voice Weekly/ Dawei Watch)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template