Headlines News :
Home » » နိုင်ငံတော်သမ္မတကြီး နှင့်အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံပွဲ

နိုင်ငံတော်သမ္မတကြီး နှင့်အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံပွဲ

Written By လွင့်မောင်မောင် on Sunday, January 20, 2013 | 7:03 PM


လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များ တွေ့ဆုံဆွေးနွေးနိုင်ရန် မကြာမီစီစဉ်ဆောင်ရွက်ပေးမည် ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ဇန်န၀ါရီ ၂၀ရက်တွင်ပြုလုပ်သော အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် လူထုအခြေပြုအဖွဲ့အစည်းများနှင့် မကြာခဏတွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး နောင်တွေ့ဆုံပွဲများတွင် အခမ်းအနားပုံစံမျိုးမဟုတ် ဘဲ ဆွေးနွေးသောပုံစံဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် စီစဉ်ဆောင်ရွက်ပေး သွားမည် ဟု ဆုံးဖြတ်ထားကြောင်း၊
တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးသော ပုံစံမျိုးဖြင့် မကြာမီအကောင် အထည်ဖော်သွားမည်ဖြစ်ကြော်း ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ငြိမ်းဖောင်ဒေးရှင်း၊ အောင်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း စသောအရပ်ဖက်အဖွဲ့အစည်း ၈၀ကျော် တက်ရောက်ခဲ့ပြီးငြိမ်းချမ်းရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ ကို ဆွေးနွေး တင်ပြခဲ့ကြသည်။
                <<--------------------------------------------------------->>

``KIO ကိုလည်း ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ် မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။တပ်မတော်အနေနဲ့လည်း အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးကိစ္စများ ရပ်ဆိုင်းဖို့အမိန့်ပေးထားပြီးဖြစ်ပါတယ် တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးသွားဖို့လိုပါတယ်´´ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(MICC) တွင် ကျင်းပသည့် ပြည်တွင်း နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးသည့် ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲတွင်ပြောကြားသည့် ဆယ်မိနစ်စာ မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားသည်။ ဆက်လက်၍သမ္မတက လက်ရှိအပစ်အခက်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ၂၀၁၃ နှစ်ဦးပိုင်းတွင် နိုင်ငံရေးအရဆွေးနွေးသွားရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသွားသည်။

ဓာတ်ပုံ-အောင်သူရ(7Day News Journal7Day News Journal)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template