Headlines News :
Home » » သမ္မတနှင့်အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ရာတွင် စည်းမျဉ်းစည်းကမ်း သတ်မှတ်သင့်ကြောင်းအဆို ဦးရွှေမန်းပယ်ချ

သမ္မတနှင့်အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ရာတွင် စည်းမျဉ်းစည်းကမ်း သတ်မှတ်သင့်ကြောင်းအဆို ဦးရွှေမန်းပယ်ချ

Written By လွင့်မောင်မောင် on Wednesday, January 23, 2013 | 11:38 PM


ရန်ကုန်၊ ဇန်န၀ါရီ - ၂၃
နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ကျင့်သုံးရမည့် စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းသည့် အဆိုသည် တင်သွင်းရန် သင့်လျော်မှုမရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတွင် ဇန်န၀ါရီလ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ဇန်န၀ါရီ ၂၂ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

“ကျွန်တော့်ရဲ့အဆိုဟာ အချိန်ခါ မသင့်သေးပါဘူး။ အဆိုမှာလည်း လိုအပ်ချက်တွေ ရှိသေးတယ်။ နောက်နောင် အချိန်အခါသင့်ရင် ထပ်တင်ဖို့တော့ စီစဉ်ထားပါတယ်” ဟု အဆိုတင်သွင်းသူ ဦးဇင်အောင်က ပြောသည်။

တင်ပြရန် စီစဉ်သည့် အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ တွင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အား ဖော်ပြထားပြီးဖြစ်သဖြင့် တင်သွင်းခြင်းမပြုသင့်သေးကြောင်း အဆိုရှင်နှင့် ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း သူရဦးရွှေမန်းက ပြောသည်။

“ကျွန်တော့်အမြင် ပြောရရင် ဒါဟာ မတင်သင့်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဆိုရှင်က ပါတီက တင်ခိုင်းတာဖြစ်တဲ့အတွက် တင်ပါရစေလို့ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသလူမျိုးစွဲမထားဘဲ ဆောင်ရွက်နေတဲ့အတွက် ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်” ဟု ဦးရွှေမန်းက အဆိုနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

အခြေခံဥပဒေပုဒ်မ ၇၁ တွင် လုပ်ဆောင်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ဖော်ပြထားမှု မတွေ့ရဘဲ လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့်ဆိုင်ရာ ပုဂ္ဂိုလ်များအား စွပ်စွဲပြစ်တင်ရာတွင် ဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များကိုသာ
ဖော်ပြထားခြင်းဖြစ်ကြောင်း ဦးအောင်ဇင်က ပြောသည်။

၎င်းပုဒ်မသည် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မဖြစ်ပြီး ပုဒ်မခွဲ ခုနစ်ခု ပါရှိသည်။
7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template