Headlines News :
Home » » ထိုင်းဘုရင်စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ထိုင်းဘုရင်စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Written By လွင့်မောင်မောင် on Wednesday, January 23, 2013 | 10:44 PM


ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင့်အမျိုးအနွယ်တွေကို အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းတဲ့ ဆောင်ပါးတွေကို ဖော်ပြမှုနဲ့ ထိုင်းမဂ္ဂဇင်းတခုဖြစ်တဲ့ Voice of Oppressed မဂ္ဂဇင်းအယ်ဒီတာ Somyot Pruk saka sem suk ကို ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက် ရာဇ၀တ်တရားရုံးက အခုလိုစီရင်ချက် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ ရှိတယ်လို့ Somyot ကပြောပါတယ်။

၂၀၁၀ တုန်းက Somyot ရဲ့မဂ္ဂဇင်းထဲမှာ ဒီဆောင်းပါး ၂ ပုဒ်ကို ဖေါ်ပြခဲ့တာဖြစ်ပြီး မဂ္ဂဇင်း ကိုလည်း အဲဒီအချိန်ကစပြီး အစိုးရက ပိတ်ပစ်ခဲ့တာပါ။

ဒီဆောင်းပါးတွေကို ကိုယ်တိုင်ရေးသားတာမဟုတ်ပေမယ့်လည်း သူဟာ ထိုင်းနိုင်ငံရဲ့ ရာဇ၀တ် ပုဒ်မ ၁၁၂ ဖြစ်တဲ့ ဘုရင်စံနစ်ကို စော်ကားသူအဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ အပစ်ပေးနိုင်တဲ့ အမှုကို ကျူးလွန်ကြောင်း တွေ့နေရတယ်လို့ တရားသူကြီးတွေက ပြောပါတယ်။

Somyot ဟာ ၂၀၁၁ ခုနှစ်ထဲ ထိုင်းနိုင်ငံက ရှပ်နီနိုင်ငံရေးလှုပ်ရှားမှုကို ထောက်ခံသူဖြစ်ပြီး ပုဒ်မ ၁၁၂ နဲ့ ငြိစွန်းတဲ့ ဒီလှုပ်ရှားမှုစတင်ခဲ့ပြီး ၅ ရက်အကြာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို အသရေဖျက်မှုတခု ကျူးလွန်ခဲ့မှုနဲ့လည်း နောက်ထပ် ထောင်ဒဏ်တနှစ် ထပ်မံ ချထားခဲ့ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template