Headlines News :
Home » » မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး လူထုအားဖမ်းဆီးရိုက်နက်

မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး လူထုအားဖမ်းဆီးရိုက်နက်

Written By လွင့်မောင်မောင် on Wednesday, January 23, 2013 | 7:13 PM

Mong Ngawt school
မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိစာသင်ကျောင်း (ဓါတ်ပုံ- google +) 
 သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲအတွင်း မြန်မာစစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦးသေဆုံးသွားရကြောင်း၊ ကျေးလက်ရွာသား ၇ ဦးအားဖမ်းဆီးရိုက်နှက်သောကြောင့် ယခုထိ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းကဆိုသည်။
“အရင်အပတ်ထဲကဘဲ။ ခမရ ၅၀၂ တပ်ရင်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ကိုင် ရွာထဲဝင်တယ်။ သူတို့ ၂ ဖွဲ့အချင်းချင်း မှားပြီး ပြန်ပစ်ခတ်ကြတယ်။ ၃ ရစ်ဆရာတယောက်ကျတယ်။ သူတို့လူ ပြန်ထိလို့ ရွာသားတွေကိုအပစ်ရှာပြီး ၇ ယောက် ဖမ်းဆီးရိုက်နက်တယ်။ ၂၄ နာရီကျော်ချုပ်ထားတယ်။ ကျားဖြူက လာပြောလို့ ပြန်လွှတ်ပေးတာ။ ဒဏ်ရာပြင်း ထန်တဲ့သူ အခုထိ ကျောက်မဲဆေးရုံမှာဘဲ” ဟု ကျောက်မဲရောက်မိုင်းငေါ့မြို့ နယ်ခွဲဒေသခံတဦးက ပြောသည်။

ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့မြို့နယ်ခွဲ၏အနောက်ဘက် ၈ မိုင်ခန့်ဝေးသော တင်ကိုင်ရွာ၌လယ်တောမှပြန် လာ သော ရွာသားအား မြန်မာစစ်တပ် ခမရ ၅၀၂ စစ်ကြောင်းက တားဆီးပစ်ခတ်ခဲ့သည်ဟုဆို၏။ ရွာပြင်၌စောင့် နေသော အဆိုပါစစ်ကြောင်းမှ တပ်သားတချို့က ရွာတွင်း၌တိုက်ပွဲဖြစ်နေပြီဟုထင်မှတ်ကာ ရွာထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်အချင်းချင်းမှားပစ်ခတ်ကြပြီး တပ်ကြပ်ကြီးတဦးကျဆုံး သွားသည့်အပေါ် ရွာသားများ ကြောင့်ဖြစ်ရ သည်ဟု စွပ်စွဲကာ ရွာ သား ၇ ယောက်ကိုဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း၊ ကျားဖြူပါတီ အကြီးအကဲ အာမခံမှုဖြင့် အဆိုပါ ၇ ဦး အားပြန်လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း ယခုဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ကျောက်မဲဒေသခံ ကပြောပါသည်။

“ ရွာသား ၇ ယောက်ကို စစ်ကြောင်းက ဖမ်းဆီးချုပ်နှောင်တာလေ။ ရိုက်ထားတဲ့ဒဏ်ရာတွေ လဲမနည်းဘူး။ ကျောက်မဲ က ကျားဖြူ ဒုဉက္ကဌ စိုင်းဆောင်ဆီ၊ အမတ်စိုင်းခမ်းကျော်၊ အမတ်စိုင်းသန်းမောင်တို့ဆီကိုသတင်းကရောက်သွားတယ်။ စိုင်းခမ်း ကျော်က သွားပြီးအာမခံပေးမှ ပြန်လွှတ်ပေးတာ။ ဒါပေမယ့် ၇ ယောက်စလုံးအခု ကျောက်မဲ ဆေးရုံမှာ မနေ့ကအထိတော့ မဆင်းရသေးဘူး။ ရွာသားတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးရိုက်နှက်တဲ့အတွက် စိုင်းခမ်းကျော်ကနေ တရားစွဲမယ် အမှုဖွင့်မယ်ပြောတယ်။ အခုအဲဒီစစ်ကြောင်းမှူးနဲ့ တပ်ရင်းမှူးက ကျားဖြူအမတ်ကိုပြန်လာပြီး တောင်းပန်ထား တယ်” ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက မိုင်းငေါမြို့နယ်ခွဲအတွင်းသို့  အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီးပစ်ခတ်မှု များ ကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များ၏ မကြာခဏ ဖမ်းဆီးခြင်းကို ခံကြရ သည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template