Headlines News :
Home » »  လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများ ဂျပန်တည်ထောင်မည် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် ဆက်တိုက်ဝင်ရောက်နေပြီ တစ်ပတ်အတွင်း ဂျပန် ကုမ္ပဏီငါးခု ဆွေးနွေး

 လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများ ဂျပန်တည်ထောင်မည် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် ဆက်တိုက်ဝင်ရောက်နေပြီ တစ်ပတ်အတွင်း ဂျပန် ကုမ္ပဏီငါးခု ဆွေးနွေး

Written By လွင့်မောင်မောင် on Sunday, January 20, 2013 | 5:52 PM

 w1-20-3
အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ တည်ဆောက်မည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်ကုမ္ပဏီများမှ ဆက်တိုက် ၀င်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း ဂျပန်ကုမ္ပဏီငါးခု လာရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များတွင် အဓိကမြှုပ်နှံရန် လာရောက်ဆွေးနွေးပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်မည့် စီမံကိန်းနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် စီမံကိန်းအပါအ၀င် ကုန်ထုတ်လုပ်မည့် စက်မှုစီမံကိန်းများ ပါဝင်ကြောင်း သိရသည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့မှ  ၁၆ ရက်နေ့အတွင်း  ဂျပန်နိုင်ငံမှ OSHIMAYA Company, Marube ni Corporation, ASMO Co.,Ltd,  JFE Engineering Corporation နှင့် METACC Manufacturing Ltd တို့မှ စီမံကိန်းများအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Marubeni Corporation မှ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ် တည်ဆောက်မည့် စီမံကိန်းအတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ASMO Co.,Ltd မှ မြန်မာနိုင်ငံတွင် ကားပစ္စည်းအစိတ်အပိုင်းများအား လက်ခစားစနစ်ဖြင့် စက်ရုံ တည်ထောင်လုပ်ကိုင်မည့် စီမံကိန်းအတွက် လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန်၏ လက်ရှိအခြေအနေ၊ မြှုပ်နှံနိုင်မည့် အနေအထားများကို ထပ်မံဆွေးနွေးခဲ့သည်။
ကျန်ကုမ္ပဏီသုံးခုမှာ မြန်မာနိုင်ငံတွင် အထည်ချုပ်၊ ကုန်ထုတ်လုပ်မှုနှင့် သံနှင့် စတီးသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုစီမံကိန်းများအတွက် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံရန်အတွက် ဆက်တိုက် ၀င်ရောက်လျက်ရှိရာ သီလ၀ါ အထူးစီးပွားရေးဇုန်အား မြန်မာဖြင့် ပူးပေါင်း အကောင်အထည်ဖော်မည်ဖြစ်သည်။ ယင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှု၌လည်း ပါဝင်မြှုပ်နှံရန် ဆွေးနွေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ အခြေခံအ ဆောက်အဦများ တည်ဆောက်ရာတွင် ငွေကြေးမလုံလောက်ပါက ချေးငွေထုတ်ချေးပေးမည်ဟုလည်း ပြောကြားထားသည်။မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၆၀ နီးပါး မြှုပ်နှံပြီး အဆင့် ၁၁ နေရာတွင် ရပ်တည်နေသော်လည်း ၂၀၁၅ ခုနှစ်မတိုင်မီ ဂျပန်နိုင်ငံအနေဖြင့် အဆင့် ၁ မှ ၅ အတွင်း ၀င်ရောက်လာနိုင်ဖွယ်ရှိကြောင်းကိုလည်း စီးပွားရေးပညာရှင်များက တွက်ချက်ထားသည်။အထူးစီးပွားရေးဇုန်များနှင့် အခြေခံအဆောက်အဦများ တွင် မြှုပ်နှံမည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ မြှုပ်နှံရမည့် စီမံကိန်းများဖြစ်ပြီး မြန်မာနိုင်ငံတွင် နံပါတ်တစ်နေရာမှ မြှုပ်နှံထားသည့် တရုတ်နိုင်ငံသည်ပင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံသာ မြှုပ်နှံထားသည့်အတွက် ဂျပန်၏ မြှုပ်နှံမှု တက်လာဖွယ် ရှိသည်ဟု ခန့်မှန်းထားခြင်းဟု ဆိုကြသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template