Headlines News :
Home » » မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား

Written By လွင့်မောင်မောင် on Sunday, January 20, 2013 | 7:20 PM


Saturday, 19 January 2013 17:20
ဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာခဲ့ပြီး ခရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်းဆိုင်များကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ်မလုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီယာများကို ခေါ်ယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။
“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက်သွားဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့ တဲ့ ကိရိယာတွေက အလုပ်မလုပ်လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေကို ခေါ်ယူပြင်ဆင် ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှစပြီး ပြေးဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template