Headlines News :
Home » » မြန်မာ့ထိပ်တန်းတပ်မတော်သားများစစ်ပညာသင်ယူခဲ့ကြသောကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်

မြန်မာ့ထိပ်တန်းတပ်မတော်သားများစစ်ပညာသင်ယူခဲ့ကြသောကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်

Written By လွင့်မောင်မောင် on Thursday, October 17, 2013 | 1:52 PM





"ယခင် န၀တ အစိုးရလက်ထက်ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်အေဘယ်နှင့် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ် ရဲ့အဖေ၊ ယခင်စာပေစိစစ်မှ ဗိုလ်မှူးတင့်ဆွေတို့ရဲ့ အဖေတွေ တက်ရောက်ခဲ့တဲ့ ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်မှာလူထုခေါင်းဆောင် မိန့်ခွန်းပြောမယ်ဆိုတော့.....သူမရဲ့ စစ်ရေးအမြင် ဘယ်လောက်ရှိတယ်ဆိုတာလည်းခန့်မှန်းလို့ရနိုင်ပါလိမ့်မယ်.."

( မြန်မာ့ထိပ်တန်းတပ်မတော်သားများ စစ်ပညာသင်ယူခဲ့ကြသော ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည် ) မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၃၁)

မြန်မာဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ယခုလကုန်ပိုင်းတွင်သွားရောက်မည့် အင်္ဂလန်ခရီးစဉ်အတွင်း ကမ္ဘာကျော် ဆင်းဟတ်စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း အင်ဒီပန်းဒင့်သတင်းစာက ဖော်ပြသည်။

အဆိုပါဆင်းဟတ်တက္ကသိုလ်သည် မြန်မာနိုင်ငံမှ ထင်ရှားသော ထိပ်တန်းတပ်မတော်သားများ လွတ်လပ်ရေးမရမီကာလ ၁၉၄၇ ခုနှစ်ကတည်းက စစ်ပညာသွားရောက်သင်ကြားခဲ့ရာ ထိပ်တန်းစစ်တက္ကသိုလ်ကြီးတစ်ခုဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့က ပြောသည်။

မြန်မာနိုင်ငံမှ စစ်ပညာသွားရောက်သင်ကြားခဲ့ကြသူများအနက် လက်ရှိအချိန်တွင် အကြောင်းကြောင်းကြောင့် လူသိများကြသူများမှာ ၁၉၄၉ ခုနှစ်တွင် ဗိုလ်လောင်းရွှေသန်း ( လက်ရှိပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးနှင့် သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ဖခင်ဖြစ်ပြီး မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း)
 ၁၉၅၂ ခုနှစ်တွင် ဗိုလ်လောင်းခင်မောင်တင့် (ယခင်စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူးနှင့် ယခု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ(ဗိုလ်မှူးဟောင်း) ၏ဖခင်) နှင့်
၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ စစ်ပညာသွားရောက်သင်ကြားခဲ့သော ယခင် န၀တ အစိုးရလက်ထက် ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ်အေဘယ်လ် တို့မှာ ထင်ရှားသည်။

ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် ကို ၁၇၂၀ ကတည်းကစတင်ထူထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသော စစ်တက္ကသိုလ်ကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေသည့် ၉၀ ရာခိုင်နှုန်းမှာ ဗြိတိန်တပ်မတော်သားများဖြစ်ကြပြီး နိုင်ငံရပ်ခြားမှ လာရောက်ပညာသင်ကြားသူ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။ ယင်းတက္ကသိုလ်တွင် စပိန်ဘုရင် အယ်ဖွန်ဆို-၁၂ ၊ ထိုင်းဘုရင် ဗာဂျီယာရာဘတ်၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ဆော်ဒီ၊ ကာတာ ၊ ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်တို့မှ ဘုရင်နှင့် မင်းညီမင်းသားများ၊ အိန္ဒိယစစ်ဦးစီးချုပ်၊ နီပေါလ် စစ်ဦးစီးချုပ်၊ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီ၊ ဂျိမ်းစဘွန်းစာရေးစရာ အီရန်ဖလင်းမင်း စသည့် ကမ္ဘာအရပ်ရပ်မှ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ပညာသင်ကြားခဲ့သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်သို့ရောက်ရှိစဉ် အောက်တိုဘာ ၂၂ ရက်တွင် လန်ဒန်မှ ၀ါရင့်နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြင်သစ်၊ ဘယ်လဂျီယံနှင့် လူဇင်ဘတ်နိုင်ငံများသို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ကာ Strasboury မြို့တွင် ဥရောပပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ အီတလီနိုင်ငံသို့လည်း သွားရောက်ရန်မျှော်လင့်ထားကြောင်းလည်း သိရသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ် သို့ရောက်ရှိစဉ်တွင် ဗိုလ်လောင်းများလေ့ကျင့်နေသည်ကို ကြည့်ရှုလေ့လာမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းက ဗြိတိန်နိုင်ငံက မြန်မာနှင့်စစ်ရေးဆက်ဆံ မှုများ ပြန်လည်စတင်မည်ဟုကြေငြာခဲ့ခြင်းကြောင့် လူထုခေါင်းဆောင်၏ အဆိုပါခရီးစဉ်မှာ အငြင်းပွားဖွယ်ရာကိစ္စရပ်များရှိလာနိုင်ကြောင်း အင်ဒီပန်းဒင့်သတင်းစာက သုံးသပ်ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ဃ တွင် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးအမြင်များရှိရမည်ဟူသော အချက်ပါဝင်သည်။ ယင်းအချိန်တွင် မြန်မာ့ဒီမိုကရေစီမီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာကျော်စစ်တက္ကသိုလ်ကြီးတစ်ခုတွင် မိန့်ခွန်းပြောကြားပေးရန် ပန်ကြားခံရခြင်းသည် သူ၏ စစ်ရေးအမြင်အပေါ် များစွာအသိအမှတ်ပြုရာရောက်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့က သုံးသပ်သည်။

လေးစားလျက် .(ဒေါင်းမာန်ဟုန်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template