Headlines News :
Home » » မောင်တောနယ်စပ်တွင် ဓားပြများထံမှ လက်နက်များ ဖမ်းဆီးရမိ

မောင်တောနယ်စပ်တွင် ဓားပြများထံမှ လက်နက်များ ဖမ်းဆီးရမိ

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 10:56 PM

 
ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မောင်တောမြို့နယ် ငခူရနယ်မြေဘက်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ အတွင်းပိုင်းကနေ ရာဇ၀တ်မှုတွေကြောင့် နယ်စပ်ကို ထွက်ပြေးတဲ့သူတွေ အုပ်စုဖွဲ့ပြီး ဓားပြတိုက်ဖို့ ရေလမ်းကနေတဆင့် ၀င်ရောက်လာတာလို့ မောင်တောမှာ တာဝန်ကျတဲ့ တပ်မတော်အရာရှိတဦးက ပြောပါတယ်။

ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ အုပ်စုဖွဲ့ပြီး ရွာတည် နေထိုင်နေသလို တခါတရံ ဒေသခံတွေ အကူအညီနဲ့ မြန်မာနိုင်ငံထဲကို ဓားပြတိုက်ဖို့ ၀င်ရောက်လေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

သူတို့ဟာ နယ်မြေခံတွေနဲ့ အချိတ်အဆက်ရှိသလို ဒေသခံ ငွေကြေး ကြွယ်ဝတဲ့သူတွေကိုလည်း သိရှိထားပြီး ဘင်္ဂလားဒေ့ရှ် လူဆိုး လူမိုက်တွေနဲ့အတူ မြန်မာနယ်စပ်မှာ ဓားပြလာတိုက်လေ့ ရှိတယ်လို့ တပ်မတော်အရာရှိက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးတဦးကို မေးမြန်းရာမှာ ဓားပြတွေကို ဖမ်းမမိဘဲ လက်လုပ်သေနတ်တွေပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။

မောင်တောမြို့ခံတဦးကတော့ ကင်းပုန်း ၀ပ်နေတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီးတော့ လက်လုပ်သေနတ်တွေ၊ ဓားလှံတွေနဲ့ လှေတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းတော့ အခြေအနေတွေ ပြန်အေးချမ်းသွားပြီလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်တွေ ဖမ်းမိတယ်ဆိုတဲ့သတင်း မသိရသေးဘူးလို့ ပြည်နယ် ပြန်ကြားရေးတာဝန်ခံက ဖြေကြားခဲ့ပါတယ်။
by ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template