




ထားဝယ်စီးပွားရေးအထူးဇုန် (နဘုလယ်ဒေသ)သို့ရောက်ရှိနေသော အဖွဲ့ဝင် ၄၇ ဦးပါ ထိုင်းစက်ဘီးစီးအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင်ထားဝယ်ဒေသခံအပျော်တမ်းစက်ဘီးစီးအဖွဲ့နှင့် ပူးပေါင်းစီးနင်းကာ ထားဝယ်မြို့သို့ရောက်ရှိကြသည်။
အဆိုပါ ထိုင်း - မြန်မာ ချစ်ကြည်ရေးစက်ဘီးစီးအဖွဲ့အားတနင်္သာရီတိုင်းဒေသကြီးအားကစားဝန်ကြီးဌာန ၀န်ကြီးဦးတင်စိုးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးအောင်ကျော်ကျော်ဦးနှင့်အားကစား နှင့်
ကာယပညာဦးစီးဌာနမှတာဝန်ရှိသူတို့ကတနင်္သာရီတိုင်းဒေသကြီးမိုးလုံလေလုံအားကစားရုံတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)