Headlines News :
Home » » မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 8:29 AM



အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိရှိကြရန်နှင့် အဆိုပါ ပေါက်ကွဲမှုများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ် မရှိသော်လည်း လူစည်ကားရာ ဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်ကြရန် အဆိုပါ သတိပေးစာတွင် တိုက်တွန်းထားသည်။

ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ် ကိစ္စရပ်များအား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရာမှ ပြောင်းရွှေ့ကြရန် အမေရိကန် သံရုံးက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး ၀န်ဆောင်မှုဖြစ်သည့် Smart Traveler Enrollment Program (SETP) တွင် www.Travel. State.Gov မှတစ်ဆင့် စာရင်းပေးသွင်းသင့်ကြောင်း ပြောကြားထားပြီး အင်တာနက် အသုံးပြုရန် ခက်ခဲပါက နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် စာရင်းပေးသွင်းရန် တိုက်တွန်းထားသည်။

အဆိုပါ သတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template