Headlines News :
Home » » ပြည်ထောင်စုဝန်ကြီးမသိလိုက်တဲ့ လက်နက်ကိုင်(၁၀၀)ကျော်အကြမ်းဖက်မှုကြီး(၁၅-၁၀-၂၀၁၃ ဆားလင်းကြီးဆွေးနွေးပွဲ)

ပြည်ထောင်စုဝန်ကြီးမသိလိုက်တဲ့ လက်နက်ကိုင်(၁၀၀)ကျော်အကြမ်းဖက်မှုကြီး(၁၅-၁၀-၂၀၁၃ ဆားလင်းကြီးဆွေးနွေးပွဲ)

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 12:19 AM


၁၅-၁၀-၂၀၁၃ (ဆားလင်းကြီး)
ယနေ့မနက်(၈)နာရီတွင်လယ်သမားများနှင့်ကြေးနီစီမံကိန်းအကောင်အထည်ဖော်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးလှထွန်းနှင့်ဆွေးနွေးကြမည်ဖြစ်သည်
၊ဆွေးနွေးပွဲကိုအမှတ်(၆)ချည်မျှင်နှင့်အထည်စက်ရုံ(ဆားလင်းကြီး)တွင်ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးလှထွန်းနှင့်လက်ပန်တောင်းလယ်သမားများဆွေး
နွေးရာလက်ပန်တောင်းဒေသဇီးတောရွာကို(၆-၈-၂၀၁၃)ရက်နေ့ညကလက်နက်ကိုင်(၁၀၀)ကျော်
ကားများဆိုင်ကယ်များနှင့်ဝင်ရောက်အကြမ်းဖက်ခဲ့ပြီးဘုန်းကြီးကျောင်းကို
ဖျက်ဆီးပြီးရွာသား(၂)ယောက်ကိုခေါ်ဆောင်သွားခဲ့မှုဘာကြောင့်လုပ်ပါသလဲ
ဟုရွာသားများမေးမြန်းရာဝန်ကြီးမှသူမသိပဲဖြစ်ပွားသည့်ကိစ္စဖြစ်ကြောင်းဖြေကြားသည်၊၊

လက်ပန်တောင်းဒေသတွင်လက်နက်ကိုင်အမည်မသိအုပ်စုများညောင်ပင်ကြီးရဲစခန်းနှင့်
တရုတ်ကုမ္ပဏီဝမ်ဘောင်ဆိုဒ်ထဲတွင်အင်အား(၄၀၀)ကျော်
ခိုအောင်းနေပြီးမြေယာများကိုသိမ်းပိုက်နေပါသည်၊ဝန်ကြီးမှလက်နက်ကိုင်ပြဿနာကိုမရှင်းလင်းပဲ
အထက်ကိုတင်ပြပေးမည်ဟုသာဖြေကြားပါသည်။
 





ဝက်မှေးကျေးရွာကမသွဲ့သွဲ့ဝင်းက ပြောတယ်...
“ဒီလောက်စီမံကိန်းကြီးလုပ်ချင်တယ်ဆိုရင် ဒေသခံ ကျေးရွာ (၂၆) ရွာက တောင်သူတွေကို အကုန်လုံးသတ်ပြီးစီမံကိန်းကြီးလုပ်တာခင်ဗျားတို့အတွက်စိတ်ချမ်းသာမယ်ထင်တယ်..
.ဒါကြောင့် ဒေသခံတွေကို မပြတ်မသားနဲ့လုပ်နေတဲ့အတွက် စီမံကိန်းကြီးလည်းနှောင့်နှေးနေမယ်”လို့ ဦးလှထွန်းအားပြောကြားသွားခဲ့ကြောင်း။
ဘာမှမသိတဲ့(မသိချင်ယောင်ဆောင်နေတဲ့) ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်လူကြီးများခမျာ.သွဲ့သွဲ့ဝင်းပြောနေတာတွေက 
အမှန်တွေလားဆိုတာ........တွေးနေမယ်ထင်ရဲ့။

လယ်သမားတို့၏ဆွေးနွေးချက်များကိုပြောကြားသည့် နစ်နာချက်များနှင့်ပတ်သတ်၍ဆွေးနွေးပွဲသို့တက်ရောက်လာသည့်
ဝန်ကြီးများ တာဝန်ခံများအနေဖြင့်မည်သည့်တာဝန်ယူမှုတာဝန်ခံမှုကိုမျှမရှိခဲ့ပါ၊
၊နောက်ထပ်ဆွေးနွေးပွဲများထပ်မံပြုလုပ်မည်ဟူသောအချိန်ဆွဲမှုနည်းဖြင့်
လယ်သမားတို့၏မြေကိုမတရားသိမ်းပြီးစုံစမ်းရေးကော်မရှင်၏
တင်ပြုသဘောတူညီချက်များကိုဆက်လက်ချိုးဖောက်နေမည်ဖြစ်ပေသည်၊၊

သတင်းနှင့် ဓာတ်ပုံ - လက်ပတောင်းချစ်သူ ၊ ကိုဟန်ဝင်းအောင် တို့၏ Facebook စာမျက်နှာမှ
                          
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template