|
အောက်တိုဘာလ(၁၈)ရက်
ည ၇း၂၅မိနစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး
ဥရောပခရီးစဉ် စတင်ထွက်ခွာခဲ့
သည်။အဖွဲ့ချုပ်နာယကဦးတင်ဦး၊ဦးစိုးဝင်းနှင်အဖွဲ့ ချုပ်အဖွဲ့ဝင်များ
လိုက်ပါပို့ဆောင်ခဲ့ကြသည်။ - ဓါတ်ပုံ - National League for Democracy |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅
နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ
ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို
အခုလိုပြောပါတယ်။
ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ
ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့
လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
RFA Burmese