အောက်တိုဘာလ ၁၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်းအဝေး ဒဿမနေ့ကိုတက်ရောက်လာစဉ် လတ်တလော ပြည်တွင်း တွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက် ၍ မီဒီယာများမေးမြန်းမှုကို တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး
ကော်မတီဥည်က္ကဌ ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားရာတွင်ဒါကတော့အုပ်ချုပ်ရေးပိုင်းနှင့်ဆိုင်တဲ့ကိစ္စဘဲ
အမေတို့ကလိုက်ဖမ်းနိုင်တဲ့သူတွေမှ မဟုတ်တာ လုံခြုံရေးအစီအစဉ်အားနည်းတယ်လို့ပြောရအောင်လည်း ဘယ်တွေမှာဗုံးတွေချတယ်ဆိုတာလည်းရှိသေးတယ်ပေါ့နော်။အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာမြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။ ပြည်သူတွေကဆိုးရိမ်တော့ဆိုးရိမ်တာပေါ့
ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့အမေကတော့ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေကခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။
ဒါတွေကတ မင်ပေါ့နော်လုပ်လုပ်ရှားရှားဖြစ်အောင်လို့စွတာဆိုတော့အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင်စိတ်လှုပ်ရှားအောင် လန့်အောင်ဖြန့်အောင်တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတက်ဖို့လိုတယ်။ဒါကို သတိတော့ ထားရမှာပေါ့။
စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ် ဖြစ်မလဲ ။လူများတဲ့ နေရာသွားရင် အန္တရယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။
သတိရှိတာတော့ မမှားပါဘူး။ဒါပေမယ့်အစိုးရိမ်လွန်နေလို့တော့လည်းမကောင်းဘူးဘာဘဲပြောပြော မဇ္စိမပရိပရာပေါ့ ဥပဒေပြုပြင်ပြောင်းလည်းရေးနှင့်ပတ်သပ်ပြီးမေးမြန်းရာ အဲ့တာလည်းဖြစ်နိုင်တယ်
ပြောလို့တော့မရဘူးပေါ့နော် ..
ဒါကအုပ်ချုပ်ရေးပိုင်းဆိုင်ရာကဘယ်သူတွေဟာလုပ်တာလည်းဆိုတာ ဖေါ်ထုတ်ပေးမှဖြစ်မှာပေါ့၊ မှန်းခြေနဲ့သိပ်စဉ်းစားနေရင်တခါတလေမဖြစ်သင့်တာတွေဖြစ်သွားလိမ့်မယ် တင်းမာမှုတွေဖြစ်သွားနိုင်မယ် စသည်ဖြင့်ဖြေကြားခဲ့သည်။
သတင်းနှင့်ဓါတ်ပုံ-National League for Democracy