Headlines News :
Home » » ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး

ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 10:40 AM

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အင်္ဂါနေ့အစောပိုင်းက အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ ဒေသမှာ ၉၃ ယောက်ထက် မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရသွားပါတယ်။

၇ ဒဿမ ၂ ပြင်းအားရှိတဲ့ ငလျင်ဟာ Bohol ကျွန်းနားကို ပစ်မှတ်ထား လှုပ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက် သေဆုံးသူ အများစုဟာလည်း အဲဒီကဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်ခတ်ခဲ့လို့ အဆောက်အဦးတွေ ပြိုကျ၊ လမ်းတွေပျက်စီးခဲ့ပြီး ထိတ်လန့်နေတဲ့ ဒေသခံတွေဟာ နေအိမ်တွေ၊ အဆောက်အဦးတွေထဲကနေ ပြေးထွက်ခဲ့ကြပါတယ်။ အနားမှာရှိတဲ့ Cebu ကျွန်းအထိ ငလျင်လှုပ်တဲ့ဒဏ်ကြောင့် အိပ်ရာကနေ လန့်နှိုးခဲ့တယ်လို့ အမျိုးသမီးတယောက်က ဗွီအိုအေကို ပြောပါတယ်။
  ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေတာနဲ့အတူ သေဆုံးသူ အရေအတွက် ပိုတိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ ငလျင်ကြောင့် ပျက်စီးနေတဲ့ ဈေးဆိုင်တွေ အပိုင်းပိုင်း ပြတ်နေတဲ့လမ်းတွေကို လူမှုကွန်ယက်တွေပေါ်မှာ တွေ့ရပါတယ်။ ဒေသတွင်းမှာရှိတဲ့ သမိုင်းဝင် အဆောက်အဦး တော်တော်များများ ထိခိုက်ပျက်စီးကုန်တယ်လို့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template