Headlines News :
Home » » လာအိုလေယာဉ်ပျက်ကျမှု လူ ၄၉ဦးသေ၊ သြစီ ၆ ဦးပါဝင်

လာအိုလေယာဉ်ပျက်ကျမှု လူ ၄၉ဦးသေ၊ သြစီ ၆ ဦးပါဝင်

Written By လွင့်မောင်မောင် on Thursday, October 17, 2013 | 2:41 PM

လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားခဲ့တဲ့ သြစတြေးလျနိုင်ငံသား Rhodes မိသားစုဝင်တွေ (Credit: ABC licensed)

လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား
 ​၆ ​ဦးအပါဝင် ​လေယာဉ်ပေါ်မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေက ​ပြောပါတယ်။

Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာဖြစ်ပါတယ်။

လာအိုအစိုးရရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​လေယာဉ်မှာ ​လိုက်ပါတဲ့ခရီးသည်တွေနဲ့ ​လေယာဉ်ဝန်ထမ်း ​တွေအားလုံး ​သေဆုံးခဲ့ကြတယ်လို့ ​ဆိုပါတယ်။ ​သြစတြေးလျ ​နိုင်ငံရေးဌာနရဲ့အဆိုအရ ​အဲဒီပျက်ကျခဲ့တဲ့ ​လေယာဉ်ကို ​စီးတဲ့ခရီးသည်တွေထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၆ဦးပါဝင်တယ်လို့ ​ဆိုပါတယ်။

သေဆုံးသွားခဲ့တဲ့ ​သြစတြေးလျနိုင်ငံသား ​၆ဦးထဲက ​လေးဦးဟာ ​ဆီဒနီမြို့မှာ ​နေထိုင်ကြတဲ့ ​Rhodes ​မိသားစုဝင်တွေဖြစ်ပြီး ​သူတို့ ​ဇနီးမောင်နှံနှစ်ဦးနဲ့အတူ ​အသက် ​သုံးနှစ်နဲ့ ​တစ်နှစ်ကျော် ​အရွယ် ​ကလေးငယ်လေးတွေလည်း ​ပါဝင်ပါတယ်။

ကျန်သေဆုံးသွားတဲ့ ​သြစတြေးလျနိုင်ငံသားနှစ်ဦးဟာ ​သားအဖတွေဖြစ်ကြပြီး ​Michael ​Creighton ​နဲ့ ​Gordon ​Creighton ​ဖြစ်ပါတယ်။ ​သားဖြစ်သူ ​Michael ​Creighton ​ဟာ ​နော်ဝေနိုင်ငံ ​ကူညီထောက်ပံရေးအဖွဲ့တခုမှာ ​အလုပ်လုပ်ကိုင်သူဖြစ်ပြီး ​သူတို့ ​နှစ်ကလည်း ​နယူးစောက်ဝေး ​ပြည်နယ်မှာ ​နေထိုင်သူတွေဖြစ်ပါတယ်။

တခြားလိုက်ပါခဲ့တဲ့ ​ခရီးသည်တွေကတော့ ​လာအိုနိုင်ငံသား ​၁၇ ​ဦး၊ ​ပြင်သစ်နိုင်ငံသား ​၇ဦးနဲ့ ​ထိုင်းနိုင်ငံသား ​၅ဦးတို့ ​ပါဝင်ပြီး ​တခြားနိုင်ငံခြားသားတွေဖြစ်တဲ့ ​အမေရိကန်၊ ​ကနေဒါ၊ ​ထိုင်ဝမ်နဲ့ ​ဗီယက်နမ်နိုင်ငံသားတို့လည်း ​စီးနင်းလိုက်ပါခဲ့ကြတယ်လို့ ​ဆိုပါတယ်။
ပျက်ကျသွားခဲ့တဲ့လေယာဉ်ဟာ ​ရာသီဥတု ​ဆိုးဝါးမှုဒဏ်ကိုခံခဲ့တဲ့အတွက်ကြောင့်ဖြစ်နိုင်လို့ ​ခန့်မှန်းနေကြပါတယ်။ ​လက်ရှိအခြေအနေမှာ ​ဖိလိပိုင်နိုင်ငံနဲ့ ​ဗီယက်နမ်နိုင်ငံအပါအ၀င် ​အဲဒီဒေသတခွင်မှာ ​လေမုန်တိုင်း ​၀င်ရောက်တိုက်ခတ်မှုတွေကြောင့် ​ရာသီဥတု ​ဆိုးဝါးတဲ့ ​ဒဏ်ကိုခံစားနေရတာဖြစ်ပါတယ်။

By South East Asia correspondent Zoe Daniel, wires
ABC Radio Australia 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template