Headlines News :
Home » » မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိဟု လ၀က၀န်ကြီး ပြောကြား

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိဟု လ၀က၀န်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Monday, June 16, 2014 | 10:48 PM

June 15, 2014
မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဇွန် ၁၄ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။  

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားဟု ဆိုရာတွင် မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း၊ ဥပဒေအရ ဖြစ်ပေါ်လာသည့် နိုင်ငံသားတစ်ဦး အနေဖြင့်မူ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးနေထိုင်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အကျိုးငှာ မွေးရာပါ နိုင်ငံသားမှအပ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်င်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ရုပ်သိမ်းနိုင်ကြောင်း၊ မွေးရာပါ နိုင်ငံသားတစ်ဦးကိုမူ နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာခြင်း၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူခြင်း စသည့်အခြေအနေများနှင့် ငြိစွန်းသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲသည့်ကိစ္စမှတစ်ပါး အခြားမည်သည့် အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း မရှိစေရဟု ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတွင် ဖော်ပြထားသည်။

“နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်” ဟု ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၈ တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၉ တွင် “နိုင်ငံသားတစ်ဦးသည် မသမာသော နည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့် လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ်တစ်သောင်း ကျခံစေရမည်” ဟု ဖော်ပြထားသည်။

မည်သူမဆို နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင် ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်း ကျခံရမည်ဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် ဖော်ပြပါရှိသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနေသည့် နိုင်ငံခြားသား အများအပြား ရှိနေကြောင်း သိရသည်။

EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template