Headlines News :
Home » » PR ပုံစံဆွဲရေး ကော်မရှင် ကနေ NLD နုတ်ထွက်

PR ပုံစံဆွဲရေး ကော်မရှင် ကနေ NLD နုတ်ထွက်

Written By လွင့်မောင်မောင် on Sunday, June 15, 2014 | 10:45 PM


ဘယ်လို အကောင် အထည်ဖေါ် မယ်ဆိုတာကို ဒီဇိုင်းဆွဲ ပြီး၊ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ်
15 ဇွန်လ 2014
အမျိုးသား လွှတ်တော်မှာ အတည်ပြု လိုက်ပြီ ဖြစ်တဲ့ ပါတီ အချိုးကျ ကိုယ်စားပြု စနစ် (PR) နှင့် ပတ်သက်ပြီး၊ အကောင် အထည် ဖေါ်မယ့် ပုံစံ ရေးဆွဲရေး ကော်မရှင် ကနေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် တွေ အားလုံး နုတ်ထွက် သွားပါတယ်။

ဒီ PR စနစ်ကို လွှက်တော်မှာ အဆိုတင် ခဲ့တုန်း ကတည်းက NLD အနေနဲ့ ကန့်ကွက် ခဲ့တာ ဖြစ်ပြီး၊ မဲ အရေ အတွက် အရ PR စနစ်ကို ထောက်ခံသူ များလို့ အတည်ပြု ခဲ့တာ ဖြစ်တယ်လို့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

NLD ကိုယ်စားလှယ်တွေ အနေနဲ့ အခုလို ကန့်ကွက် ပြီးသား ကိစ္စ ဖြစ်တဲ့ အတွက် ဒါကို အကောင် အထည်ဖေါ် ပုံစံ ရေးဖို့ ရာမှာ ပါဝင်ဖို့ ဘယ်လိုမှ မဖြစ် နိုင်တဲ့ အတွက် နုတ်ထွက် လိုက်ရတာ ဖြစ်တယ် လို့လည်း ဦးအောင်ကြည်ညွန့် က ရှင်းပြ ပါတယ်။

အမျိုးသား လွှတ်တော် က ရွေးထားတဲ့ ကော်မရှင်ကနေ ဘယ်လို အကောင် အထည်ဖေါ် မယ်ဆိုတာကို ဒီဇိုင်းဆွဲမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကော်မရှင်ကို ပို့မှာ ဖြစ်ပါတယ်။

အဲဒီ နောက်မှ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေ ပြင်မယ် ဆိုရင်တော့ ပြန်ထောင်စု လွှက်တော်ကို ပြန်ပို့ပြီး မဲခွဲ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။
BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template