Headlines News :
Home » » ဆွန်နီအာရပ်သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းကို သိမ်းထားပြီး မြို့တော်ဘဂ္ဂဒက်ဘက်ကို ချီတက

ဆွန်နီအာရပ်သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းကို သိမ်းထားပြီး မြို့တော်ဘဂ္ဂဒက်ဘက်ကို ချီတက

Written By လွင့်မောင်မောင် on Thursday, June 19, 2014 | 1:43 PM

အီရတ်နိုင်ငံမှာ ဆွန်နီအာရပ်သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းကို သိမ်းထားပြီး မြို့တော်ဘဂ္ဂဒက်ဘက်ကို ချီတက်နေပါတယ်။
ဇွန် ၁၇ ရက်နေ့က ကာကွက်ခရိုင်ထဲမှာ ကာဒစ်ရှ် လုံခြုံရေးတပ်တွေနဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ် စစ်သွေးကြွသူပုန်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ISIL militants in Kirkukအိုင်အက်စ်အိုင်အယ်လ် သူပုန်တွေဟာ အရင်အပတ်က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ အီရတ်စစ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ရုပ်ပုံတွေကို မီဒီယာတွေက ဖော်ပြကြပါတယ်။

အီရတ်က အမေရိကန်တပ်အားလုံးကို ၂၀၁၁ နှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပြီး ဖြစ်ပေမယ့် ခုတော့ အမေရိကန်တပ်တွေ ပြန်ထားဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုလို တခြား ရွေးချယ်မှုတွေကို အမေရိကန် သမ္မတက ပြန်စဉ်းစားနေရပါတယ်။

အီရတ်အရေးဆွေးနွေးဖို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အီရန် အရာရှိတွေ ဇွန် ၁၆ ရက်နေ့ တွေ့ဆုံခဲ့ပြီး အီရတ်နိုင်ငံ တည်ငြိမ်ရေးအတွက် အီရန်နဲ့ ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန် ၁၇ ရက်နေ့မှာ ပြောပါတယ်။

အိုင်အက်စ်အိုင်အယ်လ် စစ်သွေးကြွတပ်တွေဟာ အရင်တပတ်ကတည်းက နိုင်ငံမြောက်ပိုင်းဒေသကို အခိုင်အမာ သိမ်းပိုက်ထားပြီး မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်းက တီကရစ် တောင်ကြားဒေသထဲက မြို့တွေကို တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့နိုင်ခဲ့ပါတယ်။
နိုင်ငံတွင်းက မတည်မငြိမ် အခြေအနေကြောင့် မတူတဲ့ ဘာသာရေး ဂိုဏ်းအုပ်စုတွေအကြားမှာ စစ်ဖြစ်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အီရတ်မှာ ၂၀၀၃ ခုနှစ်က ဆက်ဒမ် ဟူစိန်ကို အမေရိကန်တပ်တွေ ခေါင်းဆောင်ပြီး ဖြုတ်ချခဲ့တဲ့ နောက်ပိုင်းမှာ အဆိုးဆုံး လုံခြုံရေးပြဿ နာဆီကို ဦးတည်နေပါတယ်။
လောလောဆယ် စစ်ပြေးဒုက္ခသည် သိန်းချီ ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template